close

အမေရိကန်တွင် Apple စတိုးဆိုင်ထဲ ကားဝင်တိုက်မိပြီး လူ ၁ ဦးသေဆုံး၊ ၁၆ ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ ဟင်းင်ဟမ်မှာရှိတဲ့ Apple  စတိုးဆိုင်ထဲကို နိုဝင်ဘာ ၂၁ ရက်က ယာဉ်ဝင်တိုက်မှုဖြစ်ပွားပြီး လူတဦးသေဆုံးကာ အနည်းဆုံး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၄၅ မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာက ဓာတ်ပုံတွေမှာတော့ စတိုးဆိုင်အပြင်ဘက်မှာ မှန်ချပ်တွေကို ထိုးခွဲဝင်တိုက်ခဲ့တဲ့ SUV တစီးကို ရဲတွေက ယာယီတဲတွေ တပ်ဆင်ထားပါတယ်။ ဒဏ်ရာရသူတွေကို ကုသပေးမယ့် ဆေးမှူးတွေလည်း အခင်းဖြစ်ရာမှာ ရောက်ရှိနေပါတယ်။

အနက်ရောင် SUV ကားဟာ စတိုးဆိုင်ရဲ့ ပြတင်းမှန်ချပ်တွေကို ထိုးဝင်လာပြီး လူအများအပြားကို တိုက်မိခဲ့တယ်လို့ ပလိုင်းမောက်သ်ကောင်တီ ခရိုင်ရှေ့နေ တင်မ်ခရုဇ်က သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။

ဈေးဝယ်သူ ၁၆ ယောက်လောက် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရကာ အဲဒီယာဉ်မောင်းကို ရဲက ဖမ်းဆီးထားတယ်လို့ ခရုဇ်က ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားချိန်မှာ စတိုးဆိုင်အတွင်း လူဘယ်လောက်ရှိကြောင်း အာဏာပိုင်တွေက အတည်မပြုနိုင်သေးပေမဲ့ ဒေသတွင်း မီဒီယာတွေမှာတော့ အထဲမှာ လူအများအပြား ပိတ်မိနေတယ်လို့ ဖော်ပြပါတယ်။ ကားဝင်တိုက်မှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up