close

ရေး-သံဖြူဇရပ်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး လူ ၅ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းရှိ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာကားလမ်းတနေရာမှာ  ဒီဇင်ဘာ ၃ ရက် ည ၆ နာရီခွဲလောက်က    Probox ကားတစီးက ထင်းလုံးတင်တဲ့ကားတစီးကို အနောက်ကနေ ဝင်တိုက်လို့  လူ ၅ ယောက် ဒဏ်ရာရသွားတဲ့အကြောင်း ဒေသခံ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ 

ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့  အမျိုးသား လေးယောက်နဲ့  အမျိုးသမီး တယောက်တို့ကို ဝဲခမိတိုက်နယ်ဆေးရုံနဲ့   သံဖြူဇရပ်မြို့ပြည်သူ့ဆေးရုံကို  အရေးပေါ် ပို့ဆောင်ပေးရတာလို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဒေသခံတဦးက“ရာဘာထင်းတင်တဲ့ကားတွေကို ညဘက်ပေးမမောင်းသင့်ဘူး။ နောက်မီးမပါ ရှေ့မီးတစ်လုံးနဲ့လည်း မြို့လယ်ကောင်သွားလိုသွား၊ ညဘက်ဆိုလည်း ဘာမီးမှမပါပဲနဲ့လည်း ဓာတ်မီး တစ်ခုနဲ့သွားလို့သွား၊ လမ်ဘေးညအိပ်ရင်လည်း ဘေးမီးမထွန်းဘဲ လမ်းပေါ်မှာ ရှိနေတာကြောင့် ယာဥ်တိုက်မှုတွေက မကြာခဏဆိုသလိုဖြစ်ပါတယ်”လို့ ပြောပါတယ်။

ရေး-သံဖြူဇရပ်ကားလမ်းမှာဆို ယာဥ်မောင်းတွေ မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဥ်တိုက်မှုတွေမှာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး အခုနှစ်အတွင်း လူပေါင်း ၁ ဒါဇင်နီးပါးလောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up