close

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ကောလင်း ပ.က.ဖ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ပြည်သူ့လုံခြုံရေး (ပလဖ) အဖွဲ့က ဖမ်းဆီးရမိခဲ့တဲ့ ဘိန်းဖြူ ဆပ်ပြာခွက် ၁၁၀ ခွက်ကို ဒီဇင်ဘာ ၁၃ ရက် နေ့လယ် ၁၂ နာရီက မြို့နယ် ရပ်ကျေးတာဝန်ခံတွေရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကောလင်း ပ.က.ဖ အဖွဲ့က ထုတ်ပြန်ပါတယ်။

ကောလင်းမြို့နယ် ပ.က.ဖ တာဝန်ရှိသူတဦးက “ဖမ်းဆီးရမိတဲ့တရားခံတွေကို ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ပြောပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က ကောလင်းမြို့နယ် ဗျူဟာလမ်းပိုင်းတနေရာမှာ မန္တလေးမြို့ဘက်ကနေ မောင်းနှင်လာတဲ့ ပါဂျဲရိုး အဖြူရောင်ကား တစီးကို ကောလင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က စစ်ဆေးခဲ့ရာ ဘိန်းဖြူ ဆပ်ပြာခွက် ၁၁၀ ခွက်တွေ့ တွေ့ရှိဖမ်းဆီးရမိခဲ့တာပါ။

ဒါ့အပြင် ကျောက်စိမ်း ၂၃ လုံး၊ သွေးပြီးသား ကျောက်ချော ၉ လုံး၊ ဖုန်း ၂ လုံး၊ တက်ဘလက် ၁ လုံး၊ လက်ပ်တော့ကွန်ပျူတာ ၁ လုံး၊ ကီးဘုတ် ၂ ခု၊ ကီလို(ဂရမ်)ချိန်စက် ၁ လုံး၊ ကျောက်ကြည့်ဓာတ်မီး ၁ လုံး၊ ဓား ၁ လက်၊ တော်ပါပြောင်း ၁ ခု၊ ငွေသား ကျပ် ၁,၆၈၂,၀၅၀၊ ပိုက်ဆံအိတ် ၃ လုံး၊ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာ၊ အေတီအမ်ကတ် ၁ ကတ်တို့နဲ့အတူ တရားခံ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up