မြဝတီမြို့တွင် မီးလောင်မှုဖြစ်ပွား

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၁ ရပ်ကွက်ရှိ မိုးကုတ်ဈေးအနီးမှာ ဒီဇင်ဘာ ၁၉ ရက် ဒီမနက် ၁၀ နာရီကျော်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ဈေးအနီးရှိ နေအိမ်တအိမ်ရဲ့အနောက်ဘက်ကနေ စတင်မီးလောင်ခဲ့တာဖြစ်ပြီး အဆိုပါနေအိမ်မှာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂၀၀ ထက်မနည်းရှိနိုင်ကြောင်းနဲ့ အနီးနားပတ်ဝန်းကျင်က အိမ်တချို့လည်း ပျက်စီးမှုရှိနိုင်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ဘာကြောင့် မီးစတင်လောင်ကျွမ်းတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ မီးလောင်ကျွမ်းရာနေရာကို မြဝတီမြို့မီးသတ်ဌာနက မီးသတ်တပ်ဖွဲ့ဝင်တွေ မိနစ်ပိုင်းအတွင်း ရောက်ရှိလာပြီး မီးငြှိမ်းသတ်နိုင်ခဲ့လို့ မီးကူးစက်လောင်ကျွမ်းတာမရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။