ပြည်ပခရီးသွားများအတွက် တရုတ်နိုင်ငံက ကိုဗစ်စည်းမျဉ်း ဖြေလျှော့

တရုတ်နိုင်ငံကို လာရောက်ကြမယ့် နိုင်ငံတကာ ခရီးသွားဧည့်သည်တွေအနေနဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၈ ရက်ကစပြီး ကိုဗစ်-၁၉ စစ်ဆေးမှုမလိုအပ်တော့ပေမဲ့ နိုင်ငံထဲကိုမဝင်ခင် ၄၈ နာရီအတွင်း ပြုလုပ်ခဲ့တဲ့ ဆေးစစ်ဆေးမှုရလဒ်ကို ကြေညာဖို့တော့ လိုအပ်မယ်လို့ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးက ထုတ်ပြန်ပါတယ်။
နိုင်ငံတကာ ခရီးသွားတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့နဲ့ နိုင်ငံခြားကုန်သွယ်မှုမြှင့်တင်ဖို့ နိုင်ငံတကာ ခရီးသည်တင် လေယာဉ်တွေကို ပြန်လည်စတင်နိုင်ရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမယ်လို့ တရုတ်နိုင်ငံ မြို့ပြလေကြောင်း စီမံခန့်ခွဲရေး (CAAC) ကလည်း ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားလေကြောင်းလိုင်းတွေအပေါ် ကန့်သတ်ချက်တွေနဲ့ ပြည်တွင်းလေကြောင်း ခရီးစဉ်တွေအတွက် ခရီးသည် ၇၅ ရာခိုင်နှုန်း တင်ဆောင်မှု ကန့်သတ်ချက်ကိုလည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၈ ရက်ကစပြီး ပယ်ဖျက်ပေးမယ်လို့ CAAC က ဆိုပါတယ်။
တကိုယ်ရေကာကွယ်ရေးနဲ့ ကျန်းမာရေးစောင့်ကြည့်ခြင်းတွေကို ကျန်းမာရေး ကျွမ်းကျင်သူတွေက လုပ်ဆောင်ဖို့ လိုအပ်ကြောင်းနဲ့ လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်တွေကိုလည်း နှာခေါင်းစည်းတွေ တပ်ဆင်ထားဖို့ လိုအပ်နေသေးကြောင်းလည်း ဆိုထားပါတယ်။