တိုက်စစ်မှူးမက်ဆီ ကမ္ဘာ့ဖလားအောင်ပွဲခံပါတီကို မွေးရပ်မြေမှာဆက်ပြီး ပြုလုပ်

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ကမ္ဘာ့ဖလားမှာချန်ပီယံဖြစ်ခဲ့ပြီးနောက် သူ့ရဲ့မွေးရပ်မြေမှာ ပါတီပွဲပြုလုပ်ပြီး ဆက်လက်အောင်ပွဲခံနေပါတယ်။
မက်ဆီဟာ ရိုဆာရီယိုဆိုတဲ့ သူ့ရဲ့မွေးရပ်မြေမှာ မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေကို ဖိတ်ခေါ်ပြီး ကမ္ဘာ့ချန်ပီယံဆုဖလားနဲ့အတူ ပါတီပွဲပြုလုပ်ပြီး ဆက်လက်အောင်ပွဲခံခဲ့တာပါ။
မက်ဆီရဲ့ အောင်ပွဲခံပါတီပွဲမှာ အသင်းဖော်တွေဖြစ်ကြတဲ့ ဒီမာရီယာနဲ့ပါရေဒက်စ်တို့လည်း တက်ရောက်ခဲ့ပြီး ကစားသမားဟောင်းတွေဖြစ်တဲ့ မာရှေယာနိုနဲ့ မက်ဆီရိုဒရီဂွက်ဇ်လည်း တက်ရောက်ခဲ့ပါတယ်။
တိုက်စစ်မှူး ဒီဘာလားနဲ့ မာတီနက်ဇ်တို့ကတော့ အီတလီမှာ မိခင်ကလပ်ဂျူဗင်တပ်အသင်းနဲ့ ပြန်လည်ပူးပေါင်းနေပေမယ့် ဒီမာရီယာနဲ့ ပါရေဒက်စ်တို့က ဇန်နဝါရီ ၂ ရက်မှာစတင်ပူးပေါင်းမှာပါ။ အလားတူ မက်ဆီကိုလည်း ပီအက်စ်ဂျီအသင်းက ခွင့်ပေးထားပြီး ဇန်နဝါရီ ၂ ရက်မှာ အသင်းနဲ့ ပြန်လည်ပူးပေါင်းမှာဖြစ်ပါတယ်။