close

မုံရွာစီးပွားရေးတက္ကသိုလ် ဂုဏ်ထူးတန်း ဒုတိယနှစ်ကျောင်းသူ မဆောင်းဟေသာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

မုံရွာစီးပွားရေးတက္ကသိုလ် ဂုဏ်ထူးတန်း ဒုတိယနှစ်ကျောင်းသူ မဆောင်းဟေသာကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ  တောင်ငူထောင်တွင်း စစ်ကောင်စီရဲ့တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ တောင်ငူထောင်နဲ့ နီးစပ်တဲ့ အသိုက်အဝန်းက သိရပါတယ်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ နေထိုင်တဲ့ မဆောင်းဟေသာနဲ့ သူ့ရဲ့ ဖခင် ဦးတင်မင်းထွန်းတို့ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ  ရေတာရှည်မြို့ရှိနေအိမ်မှာ စစ်ကောင်စီ လုံခြုံရေးအဖွဲ့ဝင်တွေက  လာရောက် ဖမ်းဆီးသွားခဲ့ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)/  ၅၀  (ခ)တို့ နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ထောင်တွင်းမှာ အချုပ်နဲ့  တနှစ်ကျော် အမှုရင်ဆိုင်ခဲ့ရကာ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တောင်ငူထောင်တွင်းတရားရုံးက မဆောင်းဟေသာကို ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ဖခင်ဦးတင်မင်းထွန်းကတော့ ပြစ်မှုမထင်ရှားလို့ တရားရုံးအမိန့်နဲ့ ပြန်လည်လွတ်မြောက်လာပါတယ်။

မဆောင်းဟေကို အမိန့်ချခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်တသက်ချခဲ့တဲ့  တခြား နိုင်ငံရေးအကျဥ်းသား  ၁၀ ယောက်ထက် မနည်းရှိနေပါတယ်။

မန္တလေး အမြန်လမ်းပေါ်ရှိ ဇဟားရဲကင်းကို တိုက်ခိုက်တယ်ဆိုတဲ့ စွဲချက်နဲ့ DVB CJ အလွတ်သတင်းထောက်ဟောင်း ကိုကျော်အောင်(ခ) မင်းမင်း အပါအဝင် ၁၃ ဦးကို တောင်ငူခရိုင် ထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာလ ၂၈ ရက်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၄ နဲ့ ထောင်တစ်သက် ချမှတ်လိုက်တယ်လို့  RFA က သတင်းထုတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up