close

တရုတ်နိုင်ငံရှိ ဆေးရုံအထူးကြပ်မတ်ကုသဆောင်များတွင် ကိုဗစ်လူနာများ ပြည့်နေ

တရုတ်နိုင်ငံက ဆေးရုံအထူးကြပ်မတ်ကုသဆောင်တွေမှာ ကိုဗစ် လူနာတွေပြည့်နေလို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ ကိုဗစ်-၁၉ လူနာတွေကို ကုသဖို့ ၂၄ နာရီပတ်လုံး လုပ်ဆောင်နေတယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ဇန်နဝါရီ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

နန်ကျင်းမြို့ အရှေ့ပိုင်းက ကျုံးတာ့ဆေးရုံမှာ လူနာ ၈၀ ရာခိုင်နှုန်းဟာ အထူးကြပ်မတ်ကုသဆောင် (အိုင်စီယူ) ထဲမှာ ပြည့်နေပြီး အများစုက ရောဂါအခံတွေ ရှိနေတယ်လို့ ဆရာဝန်တွေက CCTV ရုပ်သံကို ပြောပါတယ်။

ဆေးရုံက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက အိုင်စီယူထဲကလူနာတွေ အသက်ရှူနိုင်စွမ်း တိုးလာအောင် တနေကုန် မှောက်နေခိုင်းပြီး ညနေပိုင်းရောက်မှ ကျောခင်းပြီးအိပ်တဲ့ပုံကို ပြန်လှည့်ပေးနေပုံကို စီစီတီဗီမှတ်တမ်းကနေ ပြသခဲ့ပါတယ်။

ဝန်ထမ်းတွေဟာ တရက်ကို လူနာ ၂၆ ဦးလောက်အတွက် လုပ်ရိုးလုပ်စဉ်အလုပ်တွေ ပြီးမြောက်ဖို့ တရက် ၉ နာရီအထိ အချိန်ပေးပြီး တခြားတာဝန်တွေကိုပါ ထမ်းဆောင်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း ဟူနန်ပြည်နယ် မြို့တော် ချန်းရှမှာတော့ ဆေးရုံဟာ ကုတင် အပို ၄၄၀ ပါတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ အရေးပေါ်စောင့်ရှောက်မှုယူနစ်ကို တိုးချဲ့ထားတယ်လို့ အစီရင်ခံပါတယ်။

လူနာတွေကို ကုသရာမှာ အတွေ့အကြုံမရှိတဲ့ ဆရာဝန်တွေ တတ်နိုင်သမျှ အမြန် အတွေ့အကြုံရလာစေဖို့ အတွေ့အကြုံ အမျိုးမျိုးရှိတဲ့ ဆရာဝန်တွေက တွဲခေါ်နေပါတယ်။

တနင်္လာနေ့မှာ အရင်နေ့တွေလိုပဲ ကိုဗစ်ကူးစက်ခံ သေဆုံးသူ တဦးသာရှိနေခဲ့လို့ ကန့်သတ်ချက်တွေ ပြန်ဖွင့်အပြီး လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိတဲ့ တရုတ်နိုင်ငံရဲ့ အတွေ့အကြုံက တခြားနိုင်ငံတွေနဲ့ ကိုက်ညီမှု မရှိနေဘူးလို့ ရိုက်တာသတင်းဌာနက သုံးသပ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up