close

အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျစစ်တပ်များနှင့်အတူ ဂျပန်လေထီးတပ် စစ်ရေးလေ့ကျင့်

ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လေထီးတပ်တွေဟာ အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျ စစ်တပ်တို့နဲ့အတူ ဇန်နဝါရီ ၈ ရက်က ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

နိုင်ငံရဲ့ တစ်ခုတည်းသော လေထီးတိုက်ခိုက်ရေးတပ်ဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ လေကြောင်းချီ တပ်မဟာ ၁ က စစ်သား အယောက် ၁၀၀၀ လောက်ဟာ ဇန်ဝါရီလရောက်တိုင်း နှစ်စဉ်ကျင်းပတဲ့ နာရီချီပြီး ကြာတဲ့ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့ပါတယ်။

အမေရိကန်စစ်တပ်က စစ်သား ၇၀ အပြင် ဗြိတိန်နဲ့ သြစတြေးလျစစ်တပ်က တပ်ဖွဲ့ဝင် ၃၀ လောက်လည်း အခုနှစ် စစ်ရေးလေ့ကျင့်မှုမှာ ပထမဆုံးအကြိမ် ပါဝင်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး လေယာဉ်တွေပေါ်ကနေ ခုန်ချခဲ့ ကြပါတယ်။

ဒီတစ်ကြိမ် အမေရိကန်စစ်တပ်အပြင် သြစတြေးလျနဲ့ ဗြိတိန်စစ်တပ်တို့လည်း ဒီစစ်ရေး လေ့ကျင့်မှုမှာ ပါဝင်ခဲ့ပြီး မဟာမိတ်တွေနဲ့ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြသနိုင်ခဲ့တယ်လို့ ယုံကြည်ကြောင်း  ဂျပန်ကာကွယ်ရေးဝန်ကြီး ယာစုခါ့ဇုဟာ့မာ့ဒက စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုစစ်ဆေးပြီးတဲ့နောက် ပြောခဲ့ပါတယ်။

ဇန်နဝါရီ ၈ ရက် စစ်ရေးလေ့ကျင့်မှုမှာ သယ်ယူပို့ဆောင်ရေးလေယာဉ် C-130 နဲ့ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် CH-47JA တို့ အပါအဝင် လေယာဉ်အစီး ၂၀ နဲ့ ဂျပန်ရဲ့ Type 12 Surface-to-Ship Missile အပါအဝင် စစ်ဘက်ယာဉ် ဒါဇင်များစွာလည်း ပါဝင်လေ့ကျင့်ခဲ့ ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up