close

အာရှလမ်းမတိုက်ပွဲတွင် ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်လက်ချ်မီး ကျဆုံး

မြဝတီ-ကော့ကရိတ်၊ အာရှလမ်းမတိုက်ပွဲအတွင်း  ကျားသစ်နက်စစ်ကြောင်းတပ်ဖွဲ့ဝင်  ရဲဘော်လက်ချ်မီး ကျဆုံးခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်းက ဇန်နဝါရီ ၁၀ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၈ ရက် ညဦးပိုင်းက မြဝတီ-ကော့ကရိတ် အာရှလမ်းမတနေရာမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်တဲ့ ကျားသစ်နက်စစ်ကြောင်းနဲ့ ကော့နွှဲဘက်ကို စစ်ကူသွားရောက်တဲ့ စစ်ကောင်စီတပ်ရဲ့ တပ်မ-၄၄ လက်အောက်ခံ ခမရ-၃ တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှာ သူ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

“အသက်က ၂ဝ ကျော်ရုံလေး ရှိပါသေးတယ်ဗျ။ ပျော်ပျော်ရွှင်ရွှင်နဲ့ နေတတ်တယ်။ မိမိတပ်ထဲက လူကြီးလူငယ်မရွေးကို ဖော်ဖော်ရွေရွေနဲ့ ဆက်ဆံတတ်ပြီး အမြဲပြုံးနေတတ်တဲ့သူ လူငယ်လေးပါ။ တော်လှန်ရေးအပေါ် ခံယူချက်ကတော့ အတော်လေး ကောင်းမွန်ပါတယ်။ အသက်အရွယ်နဲ့ မလိုက်အောင် ခံယူချက်ပြင်းတယ်။ ဘာပဲပေးဆပ်ရ ပေးဆပ်ရ ရအောင်လုပ်မယ့်သူမျိုးပါ” လို့ နီးစပ်တဲ့ရဲဘော်တယောက်က ရဲဘော်လက်ချ်မီးအကြောင်း ပြန်ပြောပြပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့ ရဲဘော်လက်ချ်မီးကို ထာဝရအမှတ်ရ ဂုဏ်ယူနေမှာဖြစ်တယ်လို့ ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ လတ်တလော အတည်မပြုနိုင်သေးဘဲ စိစစ်နေဆဲဖြစ်တယ်လို့ ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up