close

နယူးယောက်မြို့တွင် သူနာပြုထောင်ချီ ဆန္ဒပြ

အမေရိကန်နိုင်ငံ နယူးယောက်မြို့က ဆေးရုံနှစ်ရုံမှာ ထောင်နဲ့ချီတဲ့ သူနာပြုတွေက လစာ၊ ဝန်ထမ်းအဆင့်တွေနဲ့ ပတ်သက်ပြီး စာချုပ်ညှိနှိုင်းမှုတွေ ရပ်တန့်သွားပြီးတဲ့နောက် ဇန်နဝါရီ ၉ ရက်မှာ သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။

မန်ဟန်တန်က ဘရွန်ဇ်နဲ့ မောင့်ထ်စီနိုင်း ဆေးရုံမှာရှိတဲ့ မွန်တေဖီအိုရေ ဆေးဘက်ဌာနက သူနာပြု ၇,၀၀၀ ကျော် ဆန္ဒပြချီတက်ပွဲမှာ ပါခဲ့တယ်လို့ နယူးယောက်ပြည်နယ် သူနာပြုအသင်းက သတင်းထုတ်ပြန်ထားပါတယ်။

“သူနာပြုတွေက မတိုက်ချင်ဘူး။ ကျမတို့က လူနာတွေကို ပိုဘေးကင်းလုံခြုံတဲ့ပုံစံနဲ့ ပြုစုစောင့်ရှောက်ရင်း အထဲမှာပဲ နေချင်တာပါ။ လွန်ခဲ့တဲ့ ၅ နှစ်၊ ၁၀ နှစ်လောက်က သူတို့အလုပ်လုပ်ခဲ့တဲ့ အခြေအနေမျိုးနဲ့တော့ မဟုတ်ဘူးပေါ့”လို့ နယူးယောက်ပြည်နယ် သူနာပြုအသင်းဥက္ကဋ္ဌ နန်စီ ဟာဂန်က မောင့်ထ်စီနိုင်း ဆေးရုံအပြင်ဘက်မှာ ပြောဆိုခဲ့ပါတယ်။

သူနာပြုတွေကို ၁၉ ဒသမ ၁ ရာခိုင်နှုန်း ပေါင်းစပ်လုပ်ခ တိုးမြှင့်ပေးမယ်လို့လည်း တနင်္လာနေ့ သီးခြားထုတ်ပြန်ချက်မှာ ဆေးရုံတွေက ပြောခဲ့ပါတယ်။

မွန်တေဖီအိုရေ ဆေးဘက်ဌာနကလည်း သူနာပြုရာထူးအသစ် ၁၇၀ ကျော်ကို ဖန်တီးဖို့ ကတိပြုထားတယ်လို့ ပြောခဲ့ပါတယ်။

သပိတ်မှောက်မှုကြောင့် စီစဉ်ထားတဲ့ ခွဲစိတ်မှုတွေနဲ့ လုပ်ထုံးလုပ်နည်းတွေ အားလုံးကို ပြန်စီစဉ်ခဲ့ရပြီး လူနာတင်ယာဉ်နေရာတွေမှာ ရက်ချိန်းရွှေ့ဆိုင်းဖို့ တွန်းအားပေးခဲ့တယ်လို့  မွန်တေဖီအိုရေ ဆေးဘက်ဌာနက ပြောပါတယ်။

ပြင်ပလူနာ ချိန်းဆိုမှုတွေနဲ့ လုပ်ထုံးလုပ်နည်း အများစုကို စီစဉ်ထားတဲ့အတိုင်း ဆက်လက် လုပ်ဆောင်နေတယ်လို့ စီနိုင်းဆေးရုံက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up