close

ရုရှားစစ်ရေးလှုပ်ရှားမှု စောင့်ကြည့်ရန် နေတိုးကင်းထောက်လေယာဉ်များ ရိုမေးနီးယား ရောက်ရှိ

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) ရဲ့ ကင်းထောက်လေယာဉ်တွေဟာ နေတိုးအဖွဲ့ရဲ့ အရှေ့ဘက်ခြမ်းဒေသကို အားဖြည့်ဖို့နဲ့ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်ကူညီဖို့ ဇန်နဝါရီ ၁၇ ရက်က ရိုမေးနီးယားနိုင်ငံဆီကို ရောက်ရှိလာပါတယ်။

ဂျာမန်လေကြောင်း သတိပေးထိန်းချုပ်ရေးစနစ် AWACS ရဲ့ ထောက်လှမ်းရေးလေယာဉ်တွေဟာ ဘူခါရက်စ်မြို့နားက အိုတိုပေနီ လေတပ်စခန်းဆီ ဆင်းသက်လာပြီး ရက်သတ္တပတ်ပေါင်းများစွာ နေဖို့ စီစဉ်ထားပါတယ်။

ဘူခါရက်စ်မှာ မကြာခင်လုပ်တော့မယ့် စစ်ဆင်ရေးက မဟာမိတ်အဖွဲ့ရဲ့ အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ နေတိုးရဲ့ တိုးမြှင့်သတိထားရေး လုပ်ဆောင်ချက်တွေမှာ အရေးကြီးတဲ့ ပံ့ပိုးကူညီမှုတရပ် ဖြစ်လာမယ်လို့ စစ်ဆင်ရေးကို ဦးဆောင်မယ့် ဗိုလ်မှူးချုပ် စတီဖန် ဒဗလျူ နျူးမဲန်းက ပြောပါတယ်။

ဒီလေယာဉ်အုပ်ထဲမှာ ဂျာမနီနိုင်ငံ၊ ဂိုင်လန်ကဲယာရှန် အခြေစိုက် NATO AWACS စနစ်ထဲက လေယာဉ် ၁၄ စင်း ပါဝင်ပါတယ်။

စိန်ခေါ်မှုများပြီး ခက်ခဲတဲ့အချိန်တွေမှာ ဂျာမနီဟာ ရိုမေးနီးယားနဲ့ အတူရပ်တည်နေပြီး ယူကရိန်းအရေးမှာ ရိုမေးနီးယားဟာ စစ်မြေပြင်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတယ်လို့ ရိုမေးနီးယားနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ် ပီးယား ဂေဘောင်ဝါက ပြောပါတယ်။

နေတိုးနယ်မြေအတွင်း စပြီး ကင်းထောက်ပျံသန်းမယ့် AWACS ထောက်လှမ်းရေး လေယာဉ်တွေကို ဘူခါရက်စ်မှာ ဖြန့်ကြက်ချထားမယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ နေတိုးက ကြေညာခဲ့ပါတယ်။

မနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို တိုက်လေယာဉ်တွေ၊ ထောက်လှမ်းရေး လေယာဉ်တွေနဲ့ တင့်ကားတွေသုံးပြီး ကျူးကျော်ဝင်ရောက်လာချိန်ကစလို့ နေတိုးဟာ ဥရောပအရှေ့ပိုင်းနဲ့ ဘောလ်တစ်ဒေသမှာ သူ့ရဲ့ လေတပ်စခန်းတွေ ပိုမိုတိုးချဲ့ခဲ့ပါတယ်။

နေတိုးနဲ့ အီးယူအဖွဲ့ဝင် ရိုမေးနီးယားဟာ ယူကရိန်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ နေတိုးတပ်ဖွဲ့ဝင် အယောက် ၁၈၀ လောက်ဟာ ဘူခါရက်စ်နားက အော့တိုပေနီမှာရှိတဲ့ အခြေစိုက်စခန်းတခုကနေ ရိုမေးနီးယားလေတပ်ကို ကူညီပေးမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up