close

မဲဆောက်တွင် မြန်မာနိုင်ငံသား ၂ ဦးကို စိတ်ကြွဆေးပြား ၈၀,၀၀၀ နှင့်အတူ ထိုင်းရဲဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား ၂ ယောက်ကို  မက်သာအဖက်တမင်း (ယာဘ)  စိတ်ကြွဆေး အလုံးရေ ၈၀,၀၀၀ နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မဲဆောက်ရဲမှူးကြီး မွန်းစပ် ကယောက်အွန်က ဇန်နဝါရီ ၁၇ ရက်မနေ့ညက သတင်းထောက်တွေကို ပြောပါတယ်။

မဲဆောက်မြို့မှာ သွားလာနေတဲ့ မြန်မာနိုင်ငံသား အသက် ၂၈ နှစ်အရွယ် မေနဲ့ အသက် ၁၈ နှစ်အရွယ် စိုး၀င်းတို့ နှစ်ဦးကို ထိုင်းကင်းလှည့်ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ် အထောက်ထားမဲ့ဖြစ်တဲ့အတွက် ရဲစခန်းကို ခေါ်ဆောင်စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။ 

ဖမ်းဆီးခံရသူတွေရဲ့ ဖုန်းထဲက ဓာတ်ပုံတွေကို စစ်ဆေးကြည့်ရာမှာ ပုံထဲမှာ မူးယစ်ဆေးပြုပြင်ထုတ်နေတဲ့ ပုံတွေ့ရှိတဲ့အတွက် မဲဆောက်ရဲမှူးကြီး မွန်းစပ်ကယောက်အွန်က လှည့်ကင်းရဲနဲ့ မူးယစ်ရဲတွေကို သူတို့နေတဲ့အခန်းကိုသွားရောက်စစ်ဆေးခိုင်းရာမှာ အခန်းထဲကနေ   တထုပ်ကို အလုံး ၂၀၀ ပါ စိတ်ကြွဆေး ၂၈ ထုပ်ကို ရှာတွေ့တာဖြစ်ပါတယ်။

အဆိုပါ မူးယစ်ဆေးတွေဟာ မြန်မာနိုင်ငံ မြ၀တီမြို့မှတဆင့် မြန်မာ-ထိုင်းချစ် ကြည်ရေးတံတားအမှတ် (၁) အနီး သဘာ၀ဂိတ်ကနေ သယ်ဆောင်လာပြီး မဲဆောက်အ ခန်းတစ်နေရာမှာထားရှိကာ မြန်မာပြည်သားတွေရှိတဲ့ မဲဆောက်မြို့မှာ ရောင်းချသွားဖို့ ဖြစ်တယ်လို့ အဖမ်းခံရသူက ရဲစစ်ဆေးရေးမှာ ထွက်ဆိုထားပါတယ်။

ဒီအမှုမှာ မူးယစ်ဆေးတွေကို  မေတစ်ဦးတည်းက ရောင်းတယ်လို့ထွက်ဆိုထားပြီး စိုး၀င်းကတော့ သူပါ၀င်မှုမရှိကြောင်း ထွက်ဆိုထားပေမဲ့ ရဲတပ်ဖွဲ့ကတော့ စစ်ဆေးပြီး ထိုင်းနိုင်ငံတရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up