close

စပိန်-ပြင်သစ် ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ကတ်တလန်ခွဲထွက်ရေးသမားထောင်ချီ ဆန္ဒပြ

ဘာစီလိုနာမှာကျင်းပမယ့် စပိန်-ပြင်သစ် ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် ဇန်နဝါရီ ၁၉ ရက်နေ့မှာ ကတ်တလန် ခွဲထွက်ရေးသမားတွေ ထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပြီးတော့ နှစ်နိုင်ငံလုံးရှိ ကတ်တလန်ဒေသတွေရဲ့ လွတ်လပ်ရေးကို တောင်းဆိုခဲ့ကြပါတယ်။

ကက်တလိုနီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော် ဘာစီလိုနာမှာ စပိန်ဝန်ကြီးချုပ် ပေဒရိုဆန်းချက်ဇ်နဲ့ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခွန်းတို့ တွေ့ဆုံချိန်မှာ ဆန္ဒပြသူတွေဟာ ခွဲထွက်ရေး ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပြီး ကတ်တလန် လွတ်လပ်ရေးအတွက် ကြိုတင်အထိမ်းအမှတ်လုပ်ထားတဲ့ အက်စ်တဲလာဒါ အလံတွေကိုလည်း ဝှေ့ယမ်းပြခဲ့ကြပါတယ်။

အသက် ၆၈ နှစ်အရွယ် ကတ်တလန်ခွဲထွက်ရေးဆန္ဒပြသူ ထရေဆာဖွန့်က “ကိုယ့်အခွင့်အရေးကိုယ် ကာကွယ်နေတာ” လို့ ပြောပါတယ်။

ခွဲထွက်ရေးလိုလားသူတချို့နဲ့ ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့နေတဲ့ ဘာစီလိုနာရှိ ပြင်သစ်ကောင်စစ်ဝန်ရုံးဘက်ကို ဆန္ဒပြသူတချို့ နေရာရွှေ့သွားကြပြီး တချို့ကလည်း ကတ်တလန် ဒေသဆိုင်ရာအစိုးရ တည်ရှိရာ ဆန့်ဟောင်းမားရင်ပြင်ကို သွားရောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ကတ်တလိုနီးယားဟာ ၂၀၁၇ ခုနှစ်မှာ မအောင်မြင်ခဲ့တဲ့ လွပ်လပ်ရေးကြိုးပမ်းမှုကို စလုပ်ဆောင်ခဲ့တာပါ။

စပိန်မှခွဲထွက်ရေး ကြိုးပမ်းတဲ့ခေါင်းဆောင် ကားလက်စ် ပွိုက်ဒေမွန့်ဟာ စပိန်က တရားစွဲဆိုမှုတွေကို ရှောင်ရှားနိုင်ဖို့ ဘယ်လ်ဂျီယံမှာ ပြည်ပြေးလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ ထောင်ဒဏ် ၈ နှစ်အထိ ချမှတ်ခံရနိုင်တဲ့ မနာခံမှုနဲ့ အလွဲသုံးစားလုပ်မှု စွဲချက်တွေကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up