မန်ယူကိုနိုင်သည့်ပွဲတွင် နံပါတ် ၁ နေရာနှင့် ထိုက်တန်သည့် ခြေစွမ်းပြသနိုင်ခဲ့ဟု အာဆင်နယ်နည်းပြပြော

အာဆင်နယ်အသင်းဟာ နံပါတ်တစ်နေရာနဲ့ ထိုက်တန်တဲ့ခြေစွမ်းပြသနိုင်ခဲ့ကြောင်း နည်းပြ အာတေတာ ကပြောပါတယ်။
မနေ့ညက မန်ယူအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရအပြီးမှာ နည်းပြ အာတေတာက အသင်းရဲ့ကစားပုံကို ချီးကျူးစကားဆိုခဲ့တာပါ။
အာဆင်နယ်အသင်းသားတွေဟာ အနိုင်ရရမယ်ဆိုတဲ့ ယုံကြည်မှုရှိပြီး ဒုတိယပိုင်းမှာ ထိန်းချုပ်ကစားနိုင်ခဲ့ကြောင်း၊ နံပါတ်တစ်နေရာနဲ့ ထိုက်တန်တဲ့အသင်းဆိုတာ ခြေစွမ်းအရလည်းပြသနိုင်ခဲ့ကြောင်း အာတေတာက ပြောပါတယ်။
ဒါပေမဲ့ ပရီးမီးယားလိဂ်က ခရီးရှည်တစ်ခုလိုဖြစ်တာကြောင့် နောက်ထပ်ပွဲစဉ်တွေမှာ အလားတူ ခြေစွမ်းထုတ်ပြနိုင်ဖို့ ကြိုးပမ်းသွားရမှာဖြစ်ကြောင်း အာတေတာက ဆက်ပြီးပြောပါတယ်။
မန်ယူနဲ့ ပွဲစဉ်မှာ လူစားဝင်ကစားပြီး စွမ်းဆောင်ရည်ကောင်းတချို့ပြသနိုင်ခဲ့တဲ့ ကစားသမားသစ် ထရော့ဆတ်ကိုလည်း နည်းပြအာတေတာကချီးကျူးခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒုတိယနေရာကမန်စီးတီးထက် တစ်ပွဲလျော့အခြေအနေမှာ ၅ မှတ်ဖြတ်ပြီး ဦးဆောင်နေဆဲဖြစ်ပါတယ်။