ဂရင်းဝုဒ်၏အနာဂတ်နှင့် ပတ်သက်ပြီး မှတ်ချက်မပေးလိုကြောင်း နည်းပြတန်ဟတ်ဂ်ပြော

တိုက်စစ်မှူးဂရင်းဝုဒ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မှတ်ချက်မပေးလိုကြောင်း မန်ယူနည်းပြတန် ဟတ်ဂ်ကပြောပါတယ်။
အသက် ၂၁ နှစ်ရှိ အင်္ဂလန်ကစားသမားဟာ အမျိုးသမီးတစ်ဦးကို အဓ္ဓမကျင့်ဖို့ အားထုတ်မှု၊ နာကျင်စေမှုတွေနဲ့ တရားစွဲဆိုခံခဲ့ရပေမယ့် အဓိကသက်သေတွေ နုတ်ထွက်ခဲ့တာကြောင့် အမှုရုပ်သိမ်းပေးခဲ့တာပါ။
မန်ယူအသင်းဘက်ကတော့ ဂရင်းဝုဒ်နဲ့ ပတ်သက်လို့ အသင်းတွင်းမှာ ဆွေးနွေးညှိနှိုင်းနေပြီး အဲဒီကိစ္စ မပြီးမချင်းနောက်ထပ်မှတ်ချက်ပေးမှာမဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။
နည်းပြတန်ဟတ်ဂ်ကတော့ ဂရင်းဝုဒ်ကို ဘယ်အချိန်မှာ အသင်းနဲ့အတူ လေ့ကျင့်စေမလဲဆိုတဲ့ မေးခွန်းအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပြီး အသင်းဘက်ကထုတ်ပြန်ထားတဲ့ အတိုင်းသာဖြစ်ပြီး ဘာမှထပ်ပြီး မှတ်ချက်မပေးလိုကြောင်းပြောခဲ့တာပါ။
ဘယ်လိုကိစ္စတွေပဲရှိရှိ ပွဲစဉ် အပေါ်မှာပဲအာရုံစိုက်ထားကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။