ချဲလ်ဆီးအသင်းကဲ့သို့ငွေကြေးသုံးစွဲမှု အရင်က မမြင်ခဲ့ဖူးဟု သီယာဂိုဆေးလ်ဗားပြော

ချဲလ်ဆီးအသင်းလို ကစားသမားတွေအမြောက်အမြားခေါ်ယူပြီး ငွေကြေးသုံးစွဲနိုင်ခဲ့တာမျိုး အရင်က မမြင်ခဲ့ဖူးကြောင်း နောက်ခံလူ သီယာဂိုဆေးလ်ဗားက ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ အခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့တစ်ခုတည်းမှာပဲ ပေါင် ၃၂၃ သန်းအထိ အသုံးပြုပြီး ကစားသမား ၈ ယောက် ဝယ်ယူခဲ့တာပါ။
နွေရာသီအပြောင်းအရွှေ့ပါ ပေါင်းမယ်ဆိုရင် ပေါင်သန်း ၆၀၀ ကျော်တဲ့အထိ တစ်ရာသီအတွင်းမှာ ငွေကြေးသုံးစွဲခဲ့တာပါ။
ဒီလိုငွေကြေးသုံးစွဲမှုကို ကစားသမားဘဝတစ်လျှောက် မမြင်ခဲ့ဖူးကြောင်း၊ ဒါက အသင်းရဲ့ ရည်မှန်းချက် ဘယ်လောက်မြင့်မားသလဲဆိုတာ ပြသရာရောက် ကြောင်း သီယာဂိုဆေးလ်ဗားက ပြောပါတယ်။
ဒါ့အပြင် ကစားသမားသစ်တွေအများကြီးရောက်လာတာကြောင့် အချိန်အနည်းငယ်ပေးရနိုင်ပြီး အကောင်းဆုံးခြေစွမ်းမရနိုင်သေးကြောင်း၊ ရာသီကုန်ဆုံးချိန်မှာတော့ ပိုမိုမြင့်မားတဲ့ အဆင့်ရပ်တည်မှုတစ်ခုရဖို့ ယုံကြည်ကြောင်း ဆေးလ်ဗားက သုံသပ်ခဲ့ပါတယ်။