close

ငလျင်ကြောင့် တူရကီနိုင်ငံတွင်းသေဆုံးခဲ့ရသူများတွင် ဆီးရီးယားစစ်ဘေးဒုက္ခသည်များပါဝင်

ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် တူရကီမှာသေဆုံးခဲ့တဲ့ ဆီးရီးယားနိုင်ငံသားတွေရဲ့ အလောင်းတွေပါတဲ့ အဖြူအမည်း အိတ်တွေဟာ ဖေဖော်ဝါရီ ၉ ရက်မှာတော့ သူတို့ နောက်ဆုံးအနားယူရာနေရာအဖြစ် ဆီးရီးယားနိုင်ငံထဲကို ပြန်ရောက်လာပါတယ်။

သေဆုံးသွားကြသူတွေဟာ စစ်ဘေးသင့် ဆီးရီးယားပြည်တွင်းကနေ မောင်းထုတ်ခံခဲ့ရသူတွေဖြစ်ပြီး ထိတ်လန့်တုန်လှုပ်နေတဲ့ ဆွေမျိုးတွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ အလောင်းတွေကို ကုန်ကား တွေပေါ်ကနေ သယ်လာပြီး လူနာတင်ယာဉ်တွေပေါ် ပြောင်းရွေ့နေစဉ် လမ်းဘေးမှာ လူတွေက ဆုတောင်း နေကြပါတယ်။

တနင်္လာနေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် တူရကီမှာသေဆုံးသူ ၁၉,၀၀၀  ကျော်ထဲမှာ ၂၀၁၁  ခုနှစ်ကတည်းက ဆီးရီးယားနိုင်ငံထဲက စစ်ရေးပဋိပက္ခတွေကနေ တူရကီဆီကို ထွက်ပြေးလာရတဲ့ ဆီးရီးယားနိုင်ငံသားတွေ ပါဝင်ခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက အတိုက်အခံတွေ  ထိန်းချုပ်ထားတဲ့ ဒေသထဲမှာ လူ ၁၉၃၀ ထက်မနည်း သေဆုံးတယ်လို့  ဆီးရီးယားအရပ်ဘက် ကာကွယ်ရေးက ပြောပြီး အစိုးရကတော့ ၁,၃၄၇ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ကြာသပတေးနေ့မှာ တူရကီနိုင်ငံအတွင်း ငလျင်ကြောင့် သေဆုံးသူ ၁၆၅၄၆ ဦးအထိ မြင့်တက်လာတယ်လို့ သမ္မတ တေယစ်အာဒိုဂန်က ပြောကြားခဲ့ပါတယ်။ 

Up