အကျဉ်းသားလွှတ်ပေးမှု အမေရိကန်နှင့် အပေးအယူမလုပ်ခဲ့ဟု နီကာရာဂွါသမ္မတပြော

နီကာရာဂွါ အတိုက်အခံခေါင်းဆောင်တွေအပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို ဖေဖော်ဝါရီ ၉ ရက်က လွှတ်ပေးလိုက်တာဟာ ဝါရှင်တန်ကို ဗဟိုအမေရိကနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ အလဲအလှယ်အဖြစ် အမေရိကန်နဲ့ ညှိနှိုင်းလုပ်ဆောင်ခဲ့တာ မဟုတ်ဘဲ ဘာကိုမှလည်း မတောင်းဆိုခဲ့ဘူးလို့ နီကာရာဂွါသမ္မတ ဒန်နီရယ် အော်တီဂါက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခြင်းဟာ အမေရိကန်အစိုးရနဲ့ ဆွေးနွေးမှုတစိတ်တပိုင်း ဖြစ်တယ်ဆိုတာကို သမ္မတအော်တီဂါက ငြင်းဆိုလိုက်ပြီး ဒါဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ အမိမြေရဲ့ ဂုဏ်သိက္ခာ၊ မျိုးချစ်စိတ်တို့နဲ့ ဆိုင်တဲ့ကိစ္စဖြစ်လို့ ဘာနဲ့မှ ညှိနှိုင်းလဲလှယ်တာမျိုး မရှိဘူးလို့ အော်တေဂါက ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောပါတယ်။
ဒီနိုင်ငံမှာကြေးစားစစ်သားတွေရဲ့ ဘာပုံတူကော်ပီတွေကိုမှ မလိုချင်ပါဘူးလို့လည်း သူက ဆိုပါတယ်။
ဝါရှင်တန်ကတော့ ခုလိုလွှတ်ပေးတာကို လူ့အခွင့်အရေးမြှင့်တင်ဖို့ အပြုသဘောဆောင်တဲ့ ခြေလှမ်းအဖြစ် ဖော်ပြခဲ့ပါတယ်။
နီကာရာဂွါ ရေဒီယိုမှာ ဒုသမ္မတ ရိုဆာရီယို မူရီလိုက ပြောကြားခဲ့ရာမှာတော့ နီကာရာဂွာဟာ အချုပ်အခြာအာဏာကို ဆန့်ကျင်တိုက်ခိုက်ခြင်းအတွက် စီရင်ချက်ချခံရသူတွေကို နေရပ်ပြန်ပို့ ခြင်း နဲ့ လွှဲပြောင်းခြင်းကို လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
နီကာရာဂွါအစိုးရဟာ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေကို နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခွင့်ပြုဖို့ ဥပဒေကို ပြောင်းလဲဖို့ စီစဉ်နေပြီး အနာဂတ်တချိန်ချိန်မှာ သူတို့ပြန်လာမယ့်အစီအစဉ်တွေကို ထိထိရောက်ရောက် ပိတ်ပင်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။