မန်ယူနှင့်ပွဲတွင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သဖြင့် အသင်းသားများအတွက် ဂုဏ်ယူကြောင်း ဘာစီလိုနာနည်းပြပြော

မန်ယူအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့လို့ အသင်းသားတွေအတွက် ဂုဏ်ယူကြောင်း ဘာစီလိုနာနည်းပြ ဇာဗီက ပြောပါတယ်။
မန်ယူအသင်းနဲ့ပွဲစဉ်ဟာ ကဏ္ဍပေါင်းစုံမှာ အလွန်ခက်ခဲခဲ့တဲ့ပွဲစဉ် ဖြစ်ခဲ့ပေမဲ့ ပွဲပြီးဆုံးချိန်အထိ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့လို့ အသင်းသားတွေအတွက် ဂုဏ်ယူကြောင်း နည်းပြဇာဗီက ပွဲအပြီးမှာ ပြောခဲ့တာပါ။
“နောက်ဆုံးအခွင့်အရေးနှစ်ကြိမ်မှာ ဂိုးရသင့်လို့ အနိုင်ရခဲ့သင့်ပေမဲ့ ကျနော်တို့ဟာ ဥရောပရဲ့ ထိပ်တန်းအသင်းတသင်းနဲ့ ကစားရတာပါ။ မန်ချက်စတာအသင်းက အရင်လိုခြေစွမ်းမျိုး ပြန်လည်ရရှိနေပြီး ဒီပွဲမှာ သူတို့ရဲ့ အကောင်းဆုံးခြေစွမ်း ပြသသွားတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်ကလည်း အမှန်တကယ် စွမ်းဆောင်နိုင်ခဲ့လို့ ဂုဏ်ယူလို့ရပါတယ်။ အခုကစပြီး အိုးထရက်ဖို့ဒ်ပွဲစဉ်အတွက် ပြင်ဆင်သွားဖို့ လိုအပ်ပါတယ်” လို့ နည်းပြဇာဗီက ပြောပါတယ်။
နည်းပြတန်ဟတ်ဂ်ဟာ ယူနိုက်တက်အသင်းမှာ အကောင်းဆုံး စွမ်းဆောင်ပြနေတာဖြစ်လို့ သူ့ကိုလည်း ဂုဏ်ပြုချင်ကြောင်း နည်းပြဇာဗီက ချီးကျူးသွားပါတယ်။