close

ချဲလ်ဆီးနည်းပြပေါ်တာကို အသင်းပိုင်ရှင်နှင့် ဘုတ်အဖွဲ့က အားပေးထောက်ခံနေ

ချဲလ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာကို အသင်းပိုင်ရှင်နဲ့ ဘုတ်အဖွဲ့က အားပေးထောက်ခံ နေဆဲဖြစ်တယ်လို့သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ နောက်ဆုံး ၁၄ ပွဲမှာ ၂ ပွဲပဲ နိုင်ပွဲရခဲ့ပြီးနောက် နည်းပြဂရေဟမ်ပေါ်တာကို ထုတ်ပယ်လိမ့်မယ်လို့ ခန့်မှန်းသုံးသပ်မှုတွေရှိခဲ့တာပါ။

ဒါပေမဲ့အသင်းပိုင်ရှင်တော့ဘိုလီနဲ့ ဘုတ်အဖွဲ့ဝင်တွေဘက်ကတော့ နည်းပြပေါ်တာကို ထုတ်ပယ် မှာမဟုတ်ဘဲ ရေရှည်စီမံကိန်းအတွက် ရည်ရွယ်ပြီး အားပေးထောက်ခံချက်ပေးထားတယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ အခုနှစ် ရာသီအပြောင်းအရွှေ့နှစ်ခုမှာ ကစားသမားခေါ်ယူမှုတွေအတွက် ပေါင်သန်း ၆၀၀ နီးပါးအထိအသုံးပြုခဲ့ပေမယ့် မျှော်လင့်ထားသလိုဖြစ်မလာခဲဘဲ အမှတ် ပေးဇယားအဆင့် ၁၀ မှာရပ်တည်နေရတာပါ။

အသင်းမှာ ဒဏ်ရာရကစားသမားတွေ အလွန်များနေပြီး ကစားသမားသစ်တွေနဲ့လည်း အံဝင်ဖို့ အချိန်ယူရမှာကို အသင်းတာဝန်ရှိသူတွေဘက်က နားလည်မှုပေးထားတယ်လို့သိရပါတယ်။ 

Up