ရီးရဲလ်အသင်းနှင့် ရင်ဆိုင်ရန် အချိန်ကောင်းဖြစ်ဟု လီဗာပူးနည်းပြ ကလော့ပ်ပြော

7
ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ဖို့ အချိန်ကောင်းဖြစ်ကြောင်း လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။
လီဗာပူးအသင်းဟာ ဗုဒ္ဓဟူးနေ့ မနက် ၂ နာရီခွဲအချိန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ရှုံးထွက်ပွဲ ပထမအကျော့ပွဲစဉ်အဖြစ် အမ်ဖီးလ်အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။
လီဗာပူအသင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းက ရလဒ်တွေဆိုးရွားခဲ့ပေမယ့် ရီးရဲလ်နဲ့ ပွဲမတိုင်ခင် နောက်ဆုံးနှစ်ပွဲမှာ နိုင်ပွဲဆက်တိုက်ရယူနိုင်ခဲ့တာပါ။
ဒီအခြေအနေဟာ ရီးရဲလ်အသင်းနဲ့ ယှဉ်ပြိုင်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပြီး လွန်ခဲ့တဲ့ ၃-၄ ပတ်လောက်က ခြေစွမ်းနဲ့ လက်ရှိခြေစွမ်းက ကွဲပြားသွားပြီလို့ ကလော့ပ်ကပြောပါတယ်။ ဒါပေမဲ့ အကောင်းဆုံးခြေစွမ်းထုတ်ပြနိုင်မှသာ နိုင်ပွဲရယူဖို့ အခွင့်အရေးကောင်းမှာဖြစ်တယ်လို့ နည်းပြ ကလော့ပ်က ပြောသွားပါတယ်။