close

အာဖရိကတွင် စစ်သည်အင်အား လျှော့ချမည်ဟု ပြင်သစ်သမ္မတ ပြော

အာဖရိကတိုက်မှာ အခြေစိုက်တဲ့ ပြင်သစ်စစ်တပ်ဟာ သူအရင်က ဩဇာလွှမ်းခဲ့တဲ့ နယ်မြေဟောင်းမှာ ဆုတ်ယုတ်မှုတွေ ဆက်တိုက်ကြုံလာရအပြီး လက်ခံနိုင်ငံတွေနဲ့ ဖြည်းဖြည်းချင်း ပူးတွဲဆောင်ရွက်သွားမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

ဒီသီတင်းပတ်အတွင်း ဂါဘွန်၊ အင်ဂိုလာနဲ့ ကွန်ဂို အပါအဝင် အာဖရိကလေးနိုင်ငံ အလည်အပတ်ခရီးစဉ်မတိုင်ခင် ပါရီမြို့တော် အေလီဇေနန်းတော်မှာ သတင်းထောက်တွေကို မက်ခရွန်က ပြောခဲ့တာပါ။

အနောက်အာဖရိကမှာ ပြင်သစ်ဆန့်ကျင်ရေး ခံစားချက်တွေ မြင့်တက်နေလို့ တင်းမာမှု လျော့ကျစေရေး အားထုတ်မှုအနေနဲ့ ပြင်သစ်စစ်တပ်ဟာ မြင်ရပိုနည်းလာမယ်၊ စစ်သည်အင်အား လျှော့ချလာမယ်လို့ မက်ခရွန်က ပြောပါတယ်။

“အခြေစိုက်စခန်းစနစ်ရဲ့ အစိတ်အပိုင်းအဖြစ်ပဲ ကျနော်တို့ တည်ရှိတော့မယ်။ ကျောင်းတွေ၊ တက္ကသိုလ်တွေကို ပူးတွဲစီမံခန့်ခွဲသွားမယ်” လို့ သူကပြောပါတယ်။

အခြေစိုက်စခန်းအသစ်တွေကို အာဖရိကသားတွေနဲ့ ဖြည်းဖြည်းချင်း စတင်မယ်၊ အာဖရိကနဲ့ ဥရောပ မိတ်ဘက်တွေနဲ့ ပူးတွဲ လုပ်ငန်းလည်ပတ်မယ်လို့လည်း မက်ခရွန်က ပြောပါတယ်။

ဘာကီနာဖာဆိုနိုင်ငံမှာ ပြင်သစ်တပ်တွေကို မောင်းထုတ်အပြီး သီတင်းပတ် တပတ်ကျော်အကြာမှာ မက်ခရွန်ရဲ့ အာဖရိကခရီးစဉ် ဖြစ်လာတာပါ။

ဘာကီနာဖာဆိုဟာ ပြင်သစ်အကူအညီကို ပယ်ချတဲ့ နောက်ဆုံး အာဖရိကနိုင်ငံ ဖြစ်လာပြီး သူပုန်တွေကိုတိုက်ဖို့ ပြင်သစ်ကိုခွင့်ပြုတဲ့ စစ်ရေးသဘောတူညီချက်နဲ့ ပဋိပက္ခကို အဆုံးသတ်ခဲ့ပါတယ်။

ပြင်သစ်ရဲ့ကိစ္စကြောင့် တန်ပြန်အကျိုးသက်ရောက်လာမှာကို အလယ်အာဖရိကသမ္မတနိုင်ငံမှာ စခန်းချထားတဲ့ ရုရှား ကြေးစားစစ်တပ် ဝဂ္ဂနာအုပ်စုက စိုးရိမ်ခဲ့တာပါ။ မာလီက ပြင်သစ်ရဲ့ စစ်ရေးသဘောတူညီချက်ကို ဂုဏ်ယူတယ်လို့ မက်ခရွန်က ပြောပါတယ်။

ဆာဟဲဒေသမှာ လုံခြုံရေးအခြေအနေ ပိုဆိုးလာနိုင်မယ့် ဓားစာခံလုပ်တာမျိုးကို ဘယ်တိုင်းပြည်ကိုမှ ခွင့်ပြုမှာမဟုတ်ဘူးလို့ မက်ခရွန်က ပြောပါတယ်။ လက်ရှိ ဆာဟဲဒေသမှာ အစ္စလာမ္မစ် သူပုန်တွေ အင်အားတိုးလာနေပါတယ်။

Up