close

ဂရေဟမ်ပေါ်တာကို စာနာမိကြောင်း အာဆင်နယ်နည်းပြ အာတီတာပြော

ချဲလ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာနဲ့က လိုက်ဖော်ကိုင်ဘက်တွေဖြစ်လို့ သူ့ရဲ့အခြေအနေအပေါ် စာနာကြောင်း အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။

ချဲလ်ဆီးနည်းပြ ပေါ်တာဟာ ရလဒ်ဆိုးရွားမှုတွေကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေပါ ခံနေရပြီး ထုတ်ပယ်ဖို့ ပရိသတ်တွေက ဆန္ဒရှိနေကြတာပါ။

အာတီတာကတော့ နည်းပြ ဂရေဟမ်ပေါ်တာဟာလည်း ပရီးမီးယားလိဂ်ရဲ့ နည်းပြတဦးဖြစ်ပြီး လုပ်ဖော်ကိုင်ဘက် အချင်းချင်းတွေဖြစ်လို့ စာနာမိကြောင်း၊ ဒီလို ခက်ခဲတဲ့အခြေအနေမှာ အကူအညီပေးမှုတွေ လုပ်ဆောင်ဖို့လိုပြီး ကိုင်တွယ်ရတာ မလွယ်ကူနိုင်ကြောင်း အာတီတာက ပြောပါတယ်။

ရလဒ်ဆိုးရွားတာနဲ့ပဲ နည်းပြချုပ်အပြင် မိသားစုဝင်တွေကိုပါ အသက်အန္တရာယ် ခြိမ်းခြောက်တာမျိုးဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ကြောင်း အာတီတာက မှတ်ချက်ပေးသွားခဲ့ပါတယ်။

Up