ဒီမိုကရေစီကာကွယ်ရန် လက်နက်ကိုင်တပ်ဖွဲ့၏တာဝန်ဟု ထိုင်ဝမ်သမ္မတ ပြော

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ဟာ စစ်ဘက်အင်ဂျင်နီယာတွေရဲ့ လေ့ကျင့်မှုကို မတ်လ ၂၅ ရက်မှာ သွားရောက်စစ်ဆေးခဲ့ပြီး ဒီမိုကရေစီအပေါ် အကာအကွယ်ပေးဖို့ဟာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ကြီးမားတဲ့ တာဝန်တစ်ရပ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်တပ်ဖွဲ့ဝင်တွေက စစ်မြေပြင်ဆိုင်ရာ အင်ဂျင်နီယာ လုပ်ငန်းစဉ်တွေကို လက်တွေ့ပြသခဲ့ပြီး လက်နက်မပါဘဲ သရုပ်ပြတိုက်ခိုက်မှုနဲ့အတူ ဒီစစ်ဆေးမှုကို အဆုံးသတ်ခဲ့ပါတယ်။
အကဲဆတ်ကာ လူအများအာရုံစိုက်နေတဲ့ နိုင်ငံတော်ခရီးစဉ်မတိုင်ခင်မှာ ထိုင်ဝမ်သမ္မက အခုလို လာရောက်စစ်ဆေးခဲ့တာဖြစ်ပြီး အမေရိကန်အပါအဝင် ဗဟိုအမေရိကနိုင်ငံတွေကို တစ်ပတ်ကျော်ကြာ သွားရောက်မှာဖြစ်ပါတယ်။
တရုတ်နိုင်ငံက ပြည်မကြီးရဲ့အုပ်ချုပ်မှုကိုလက်ခံဖို့ ထိုင်ဝမ်အပေါ် ဖိအားပေး ကြိုးပမ်းလာတာ ကြောင့် ပေကျင်းနဲ့ တိုင်ပေအကြား စစ်ရေးတင်းမာမှုဟာ ဆယ်စုနှစ်တွေအတွင်း အမြင့်ဆုံး အတိုင်းအတာကို ရောက်ရှိလို့နေပါတယ်။
ထိုင်ဝမ်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ အစိုးရက တရုတ်ပြည်မကြီးရဲ့ အုပ်ချုပ်မှု အပေါ် အပြင်းအထန် ငြင်းဆိုထားပြီး ဒီကျွန်းနိုင်ငံရဲ့ ပြည်သူတွေကသာ သူတို့ အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ တုံ့ပြန်ထားပါတယ်။