ရော်နယ်ဒို နောက်လိုက်မှာမဟုတ်ဘဲ ရီးရဲလ်မှာပဲ ကစားသမားဘဝ ကုန်ဆုံးလိုဟု မိုဒရစ်ပြော

ရော်နယ်ဒိုကစားနေတဲ့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီပြောင်းရွှေ့မှာ မဟုတ်ဘဲ ရီးရဲလ် မှာပဲ ကစားသမားဘဝကုန်ဆုံးချင်ကြောင်း ကွင်းလယ်လူမိုဒရစ်က ပြောပါတယ်။
အသက် ၃၇ နှစ် ရှိပြီဖြစ်တဲ့ ခရိုအေးရှားကွင်းလယ်လူဟာ အသင်းဖော်ဟောင်း ရော်နယ်ဒိုကစားနေတဲ့ အယ်လ်နာဆာအသင်းဆီပြောင်းရွှေ့မယ်လို့ သတင်းထွက်ပေါ်နေတာပါ။
မိုဒရစ်ဟာ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမဲ့ သူ့ရဲ့ဆန္ဒက ရီးရဲလ်မက်ဒရစ်မှာ ဆက်ရှိနေဖို့ဖြစ်ပြီး အဲဒီအတိုင်းဖြစ်လာဖို့ ယုံကြည်ကြောင်း မိုဒရစ်က ပြောပါတယ်။
မိုဒရစ်ဟာ အသက် ၃၇ နှစ်ရှိ နေပြီဖြစ်လို့ ကလပ်အသင်းအပေါ် အပြည့်အဝ အာရုံစိုက်နိုင်ဖို့အတွက် နိုင်ငံအသင်းကနေ အနားယူသင့်ပြီဆိုတဲ့ အကြံပေးချက်အပေါ်မှာလည်း ငြင်းဆန်သွားခဲ့ပါတယ်။
မိုဒရစ်ဦးဆောင်တဲ့ ခရိုအေးရှားဟာ မနေ့ညက ဝေးလ်အသင်းနဲ့ ကစားခဲ့ပြီး တူရကီနဲ့ ဆက်ပြီးရင်ဆိုင်သွားရမှာဖြစ်ပါတယ်။