မန်ယူအသင်း ပြန်လာနိုင်မည်ဟု ယုံကြည်ကြောင်း နည်းပြတန်ဟတ်ဂ်ပြော

မန်ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေနဲ့ ပြန်လာနိုင်မယ်လို့ ယုံကြည်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းဟာ မနေ့ညကပွဲစဉ်မှာ နယူးကာဆယ်အသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ သုံးပွဲဆက်တိုက် ရလဒ်မကောင်း ဖြစ်ခဲ့ရတာပါ။
လီဗာပူးအသင်းကို ၇ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဆောက်သမ်တန်နဲ့ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပြီး နယူးကာဆယ်နဲ့ပွဲမှာလည်း ထပ်မံရှုံးနိမ့်ခဲ့တာပါ။
ပရီးမီးယားလိဂ်မှာ ရလဒ်မကောင်း ဖြစ်နေပေမဲ့ ပြန်လာနိုင်မယ်လို့ ယုံကြည်ကြောင်း၊ အရှုံးရလဒ်တွေကနေ သင်ခန်းစာယူရမှာဖြစ်ပြီး အသင်းသားတွေရဲ့ ခြေစွမ်းကိုလည်း ယုံကြည်မှုရှိကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ဒါ့အပြင် အသင်းတိုက်စစ်ပိုင်းက လုံလောက်တဲ့စွမ်းဆောင်ရည် မရှိခဲ့တာကိုလည်း နည်းပြတန်ဟတ်ဂ်က ဝေဖန်ခဲ့ပြီး တဦးချင်းထက် အသင်းလိုက်စွမ်းဆောင်ရည်မှာ အားနည်းမှုတွေရှိခဲ့ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။