close

တရုတ်-အင်ဒိုနီးရှား နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီရဲ့ နိုင်ငံခြားရေးရာ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဝမ်ယိဟာ အင်ဒိုနီးရှား ညှိနှိုင်းရေးမှူး လူဟု ဘင်စာ ပန်ဂျိုင်တန်နဲ့ ပူးတွဲပြီး  တရုတ်-အင်ဒိုနီးရှား အဆင့်မြင့်ဆွေးနွေးပွဲတခုကို ဧပြီ ၄ ရက်က ကျင်းပခဲ့ပါတယ်။

နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသတွင်း သာယာဝပြောရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ရေကြောင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို ပုံစံသစ်နဲ့ တိုးမြှင့်ဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ဝမ်က ပြောပါတယ်။

အခုနှစ်မှာ ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်းရဲ့ ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့ကို သတိပြုမိပြီး နောက်တဆင့်အနေနဲ့ ဒီစီမံကိန်းရဲ့အောက်မှာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ တရုတ်နိုင်ငံဟာ အင်ဒိုနီးရှားနဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့လည်း ဝမ်က ပြောပါတယ်။

အင်ဒိုနီးရှားဝန်ကြီးကတော့ သူ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံဟာ တရုတ်နိုင်ငံကို အရေးကြီးတဲ့ ဗျူဟာမြောက် မိတ်ဘက်အဖြစ် မှတ်ယူထားပြီး အရည်အသွေးမြင့် စီမံကိန်းကို ပူးတွဲတည်ဆောက်ဖို့၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစပြုမှုကို တက်တက်ကြွကြွ စူးစမ်းလေ့လာရင်း မျှဝေထားတဲ့ အနာဂတ်အသိုင်းအဝိုင်းရဲ့ ခံစားချက် အားကောင်းလာစေရေး တရုတ်နိုင်ငံနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

Up