အစ္စရေးတွင် ကားဖြင့်ဝင်တိုက်မှုကြောင့် ကမ္ဘာလှည့်ခရီးသည် ၁ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့မှာ ဧပြီ ၇ ရက်က ကားနဲ့ဝင်တိုက်ခံရလို့ အီတလီခရီးသွားတစ်ဦး သေဆုံးကာ နောက်ထပ်ခရီးသွား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အစ္စရေးနဲ့ အီတလီ တာဝန်ရှိသူတွေက အတည်ပြုပြောကြားပါတယ်။
အခင်းဖြစ်ရာကို အနီးတစ်ဝိုက်က ရဲအရာရှိတစ်ဦး ရောက်လာခဲ့ပြီး ဒဏ်ရာရရှိသွားသူတွေကို ရှာဖွေခဲ့တဲ့အပြင် တဲလ်အဗစ်မြို့က ပင်လယ်ကမ်းခြေတနေရာမှာ ကားတစ်စီး တိမ်းမှောက်နေတာကိုလည်းတွေ့ရပါတယ်။
အစ္စရေး လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်တစ်ဦးကတော့ ဒီတိုက်ခိုက်မှုကို ကျူးလွန်သူဟာ ကဖာ ကာဆမ်မြို့က အစ္စရေးအာရပ်တစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။
ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုထဲမှာလည်း တိမ်းမှောက်နေတဲ့ ကားတစ်စီးအနီးက အစ္စရေး ရဲတပ်ဖွဲ့ဟာ တရားခံကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အခိုက်အတန့် ပါဝင်ပြီး အခင်းဖြစ်ရာကို အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေပါ ရောက်ရှိလာကြပါတယ်။
အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ ကားပေါ်က ညီအစ်မ ၂ ဦးဖြစ်သူ ပစ်သတ်ခံရပြီးနောက် ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့သောကြာနေ့ တစ်ရက်အတွင်း ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
အစောပိုင်းက သေဆုံးသွားသူ ၂ ဦးဟာ ဗြိတိန်နိုင်ငံသားတွေဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံး က အတည်ပြုထုတ်ပြန်ထားပါတယ်။