ဂျာမနီတွင် ဓာတုသိုလှောင်ရုံတခု မီးလောင်၊ လေထဲ အဆိပ်သင့်နိုင်ဟု ရဲတပ်ဖွဲ့ သတိပေး

2
ဂျာမနီနိုင်ငံ ဟမ်းဘာ့ဂ်မြို့က ဓာတုသိုလှောင်ရုံတခု မီးလောင်အပြီး လေထဲမှာ အဆိပ်သင့်နိုင်ချေ ရှိလို့ ရဲတပ်ဖွဲ့က ဒေသခံတွေကို ဧပြီ ၉ ရက်မှာ သတိပေးလိုက်ပါတယ်။
လူအယောက် ၁၄၀ ကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ပြီး အခြေအနေက ဘယ်လောက် အန္တရာယ်ရှိတယ်ဆိုတာ ပြောဖို့ မဖြစ်နိုင်သေးဘူးလို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ဆိုပါတယ်။
ဟမ်းဘာ့ဂ် မြို့လယ်ခေါင်ကနေ အရှေ့တောင်ဘက် ကီလိုမီတာ နည်းနည်းအကွာမှာ ရှိတဲ့ ရိုတန်ဘာ့ဇော့ မြို့နယ်ထဲမှာ မီးလောင်ခဲ့တာဖြစ်ပြီး မီးခိုးတိမ်တွေက မြို့လယ်ဘက်ကို ရွေ့နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မီးခိုးကြောင့် ကောင်းကင်က မှောင်မဲနေပြီး ရာသီဥတုကြောင့် ဘယ်ဟာက မီးခိုး၊ ဘယ်ဟာ တိမ် ဆိုတာ ဆုံးဖြတ်ရခက်ပြီး အခြေအနေကို ရဲတပ်ဖွဲ့နဲ့ မီးသတ် အာဏာပိုင်တွေက အကဲဖြတ် တွက်ချက်နေတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။