close

လီဗာပူးတိုက်စစ်မှူး ဖေမီနိုကို ရီးရဲလ်မက်ဒရစ်အသင်း ခေါ်ယူမည်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ရာသီအကုန်မှာ လီဗာပူးကနေထွက်ခွာတော့မယ့်  တိုက်စစ်မှူးဖေမီနိုကို ခေါ်ယူဖို့ပြင်ဆင်နေပါတယ်။

၂၀၁၅ ခုနှစ်ကတည်းက လီဗာပူးအသင်းဆီပြောင်းရွှေ့ခဲ့တဲ့ ဖေမီနိုဟာ အသင်းရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်ကိုပယ်ချခဲ့ပြီး အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

စပိန် သတင်းစာအယ်နေရှင်နယ်ရဲ့ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်ဟာ ဖေမီနိုရဲ့ အခြေအနေကိုစောင့်ကြည့်နေပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခွင့်လည်းရရှိမှာဖြစ်လို့ ဘင်ဇီမာ ရဲ့ နောက်မှာ အရန်တိုက်စစ်မှူးအဖြစ်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ဆိုပါတယ်။

ဘင်ဇီမာဟာလည်း စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမဲ့ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုမယ်လို့ သိရပါတယ်။

လီဗာပူးအတွက် ၁၀၉ ဂိုးသွင်းယူထားတဲ့ ဖေမီနိုဟာ ဒီယက်ဇ်၊ ဂတ်ပို၊ ဂျိုတာနဲ့ နူညက်ဇ်တို့ ရောက်ရှိလာပြီးနောက် ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပြီး အသင်းကနေထွက်ခွါဖို့လည်း ဆုံးဖြတ်ခဲ့ တာဖြစ်ပါတယ်။ 

Up