close

ကယန်းကျားသစ်မယ် ဘရော်နီကာ မွေထိုင်းလက်ဝှေ့ယှဉ်ပြိုင်ထိုးသတ်ရန် အီတလီသို့ သွားရောက်

ကယန်းကျားသစ်မယ် ဘရော်နီကာဟာ လာမယ့် ဧပြီ ၂၂ ရက်နေ့မှာ သူ့ရဲ့ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအနေနဲ့ အီတလီနိုင်ငံ ရောမမြို့မှာ ထိုင်းရိုးရာ မွေထိုင်းကို ယှဉ်ပြိုင်ထိုးသတ်ဖို့ ရှိနေပါတယ်။

လက်ဝှေ့ပြိုင်ပွဲအတွက် မနေ့ ဧပြီလ ၁၉ ရက်နေ့မှာ ထိုင်းနိုင်ငံကနေ အီတလီနိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ကြောင်း  သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဘရော်နီကာဟာ ရောမမြို့မှာ ဧပြီလ ၂၂ ရက်မှာ ပြိုင်ဘက် အီတလီ လက်ဝှေ့မယ် အက်စတာဗီအိုလာနဲ့ ယှဥ်ပြိုင် ထိုးသတ်ရမှာ ဖြစ်ပါတယ်။

ဘရော်နီကာဟာ မြန်မာ့ရိုးရာလက်ဝှေ့မှာ ပထမဆုံး အမျိုးသမီးရွှေခါးပတ်ဆုရှင် ဖြစ်သလို ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Thai Fight မွေထိုင်းပြိုင်ပွဲတွေမှာလည်း အများစုမှာ အနိုင်ရယူထားပြီး ပရိသတ် အားပေးမှု အခိုင်အမာရထားတဲ့ လက်ရှိ မွေထိုင်းကမ္ဘာ့ချန်ပီယံ လက်ဝှေ့မယ်လည်း ဖြစ်ပါတယ်။ 

Up