အိန္ဒိယကနေ စင်္ကာပူဂြိုဟ်တု လွှတ်တင်

အိန္ဒိယနိုင်ငံ စရီဟာရိကိုတာမှာရှိတဲ့ အာကာသယာဉ်လွှင့်တင်တဲ့နေရာကနေ စင်္ကာပူရဲ့ ဂြိုလ်တုနှစ်စင်းကို တင်ဆောင်ထားတဲ့ ဒုံးပျံကို ဧပြီ ၂၂ ရက်က အောင်အောင်မြင်မြင် လွှတ်တင်ခဲ့ပါတယ်။
၅၇ ကြိမ်မြောက် အထူးတာဝန်အရ ပိုလာဂြိုလ်တု လွှတ်တင်ရေးယာဉ် -C55 ဟာ စင်္ကာပူနိုင်ငံရဲ့ TeLEOS-2 ကို အဓိက ဂြိုလ်တုအဖြစ် လူမေလိုက် ဖိုး ယာဉ်နဲ့အတူ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၉ မိနစ်မှာ လွှတ်တင်ခဲ့တာဖြစ်ပြီး ဂြိုဟ်တုတွေဟာ အလေးချိန် (၁၆၃၃ ပေါင်) နဲ့ (၃၅ ပေါင်) အသီးသီး ရှိပါတယ်။
အိန္ဒိယ အာကာသသုတေသနအဖွဲ့ (ISRO) ရဲ့ အဆိုအရ TeLEOS-2 ကို စင်္ကာပူအစိုးရအဖွဲ့ထဲက အေဂျင်စီအသီးသီးရဲ့ ဂြိုလ်တုပုံရိပ်လိုအပ်ချက်တွေကို ပံ့ပိုးပေးဖို့ သုံးမှာဖြစ်ပြီး လူမေလိုက် ဖိုးကတော့ စင်ကာပူရဲ့ အီလက်ထရောနစ် စနစ်သုံး ရေကြောင်း သွားလာမှု ဘေးကင်းရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးအသိုင်းအဝိုင်း အကျိုးရှိစေဖို့ ရည်ရွယ်ထားပါတယ်။
ISRO အကြီးအကဲ အဲ့စ် ဆိုမာနာ့သ်က PSLV ဟာ ဒီလိုလုပ်ငန်းတာဝန် အမျိုးအစားအတွက် ယုံကြည်စိတ်ချရမှုနဲ့ အရည်အချင်းကို ပြန်ပြခဲ့တယ်လို့ ပြောပါတယ်။
အိန္ဒိယဟာ ကမ္ဘာမြေ ပုံရိပ်ဖော် ဂြိုလ်တုတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် ကျော်ကြားပြီး ဂြိုလ်တုတွေကို အနောက်တိုင်း အေဂျင်စီတွေရဲ့ ကုန်ကျစရိတ်ထက် လျော့ပြီး ကုန်ကျစရိတ် နည်းနည်းနဲ့ ကမ္ဘာပတ်လမ်း အနိမ့်ပိုင်းဆီ လွှတ်တင် နိုင်စွမ်းရှိပါတယ်။
ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်များစွာအတွင်း (ISRO) ဟာ ဆက်သွယ်ရေးနဲ့ မိုးလေဝသအတွက် သုံးတဲ့ ပိုလေးတဲ့ ပထဝီဝင်ဂြိုလ်တုတွေကို လွှတ်တင်ရင်း အကျိုးအမြတ်များတဲ့ ဧရိယာ နယ်ပယ်ဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။