အိန္ဒိယဘဏ္ဍာရေးဆိုင်ရာအာဏာပိုင်တွေက ဘီဘီစီသတင်းဌာနကို စုံစမ်းစစ်ဆေးမည်

အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးဆိုင်ရာ ရာဇ၀တ်မှုတိုက်ဖျက်ရေးအေဂျင်စီဟာ ဘီဘီစီသတင်းဌာနရဲ့ နိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်းတွေကို ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ဖွင့်လှစ်ခဲ့ကြောင်း ရိုက်တာသတင်းကိုပြောပါတယ်။
မွန်ဘိုင်းနဲ့ နယူးဒေလီရှိ ဗြိတိသျှရုပ်သံလွှင့်ဌာန ဘီဘီစီရဲ့ ရုံးခန်းတွေကို အခွန်အာဏာပိုင်တွေက ရှာဖွေပြီးနောက် လပိုင်းအကြာမှာပဲ စုံစမ်းစစ်ဆေးမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အိန္ဒိယအေဂျင်စီဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး ညွှန်ကြားမှုဦးစီးဌာန (ED) ဟာ မတ်လမှာ ဘီဘီစီ ကို သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ဝန်ထမ်းတချို့ကို အခုလအစောပိုင်းမှာ မေးမြန်းခဲ့ကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့ပါတယ်။
ED ပြောရေးဆိုခွင့်ရှိသူဟာ ဖုန်းခေါ်ဆိုမှုတွေနဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုတဲ့ စာသားမက်ဆေ့ခ်ျကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပါဘူး။ BBC ကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုနေတဲ့ အီးမေးလ်တစ်စောင်ကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပါဘူး။