close

အလုပ်သမားအခွင့်အရေးအတွက် တောင်ကိုရီးယားအလုပ်သမားများ တောင်းဆို ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံက အလုပ်သမားထောင်ပေါင်းများစွာဟာ မေ ၁ ရက် မေဒေးနေ့က ဆိုးလ်မြို့လယ်ခေါင်က လမ်းမကျယ်ကြီးတခုအတွင်း ကြီးမားတဲ့ လူထုစုဝေးပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့အတူ လုပ်ငန်းခွင် အခြေအနေ ပိုကောင်းမွန် လာစေဖို့ အခုလို တောင်းဆိုခဲ့ကြတာပါ။

ကိုရီးယားအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ဖြစ်သူ  ယန်ကျောင်ဆူးက  “တရားရေး စနစ် ပိုမိုတိုးတက်လာအောင် ခိုင်ခိုင်မာမာ တိုက်ပွဲဝင် သွားမှာပါ၊ ဒါမှသာ အစိုးရရဲ့ မူဝါဒတွေက အလုပ်သမားတွေရဲ့ အခွင့်အရေးကို အာမခံချက်ပေးနိုင်မှာ”လို့ မှတ်ချက်ပေးပါတယ်။ 

ဒီလို လူထုစုဝေးပွဲကြီးကို အလုပ်သမားသမဂ္ဂတွေက ပူးပေါင်းလုပ် ဆောင်ခဲ့ကြတာ ဖြစ်ပြီး လူဦးရေ ၃၀၀၀၀ နီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။ 

တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ခ်ယိုလ် အစိုးရအဖွဲ့ရဲ့ အလုပ်သမားရေးရာ မူဝါဒတွေကို ကန့်ကွက် ရှုတ်ချမယ့် အထွေထွေသပိတ်ကြီးကို ဇူလိုင်လမှာ အကောင်အထည်ဖော်ဖို့ စီစဉ် ထားတယ်လို့လည်း လူထုစုဝေးပွဲ အတွင်း ကြေညာခဲ့ ပါတယ်။  

၂၀၂၂ ခုနှစ်မှာ အာဏာရလာခဲ့တဲ့ ရှေးရိုးစွဲဝါဒီဖြစ်သူ ယွန်းက အစိုးရအနေနဲ့ နိုင်ငံတွင်း အလုပ်သမားဆက်ဆံရေး အပါအဝင် ကာလရှည်ကြာ ဆိုးရွားနေတဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ဆက်ဆံရေးတွေကို ဥပဒေအရ တင်းကျပ်သွားမယ်လို့ အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးပါတယ်။ 

Up