close

အာဖဂန်နစ္စတန် သမ္မတနန်းတော်အနီးတွင် ဒုံးကျည်များ ကျရောက်ပေါက်ကွဲ

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော်ကဘူးလ်မှာ မွတ်စလင်တို့ရဲ့ အိဒ်အယ်လ်အဒ်ဟာ ပွဲတော်အတွက် ဝတ်ပြုနေတုန်း သမ္မတနန်းတော်နားကို ဒုံးကျည်တွေ ဇူလိုင် ၂၀ ရက်က ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှု နောက်ကွယ်က ဘယ်သူတွေလဲဆိုတာ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သမ္မတနန်းတော် အပြင်ဘက်ကို ဒုံးကျည် ၃ စီး ကျရောက်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရက ပြေပါတယ်။

ဒဏ်ရာရသူတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာ ချက်ချင်း မရသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သမ္မတအဲ့ရှ်ရဲ့ဖ်ှဂါနီ တက်ရောက်တဲ့ နန်းတော်ခြံဝင်းအတွင်း ဝတ်ပြုပွဲ အနှောင့်အယှက် ဖြစ်ခဲ့ပြီး ပေါက်ကွဲသံတွေကြားမှာပဲ ဆက်ပြီးဝတ်ပြုခဲ့ကြတာကို ရုပ်သံမှာ ပြသခဲ့ပါတယ်။ 

နိုင်ငံခြားတပ်တွေ အာဖဂန်နစ္စတန် နိုင်ငံထဲကနေ ဆုတ်ခွာအပြီး တာလီဘန်သူပုန်တွေနဲ့ အစိုးရစစ်တပ်ကြား တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်နေလို့ အာဖဂန်မှာ မလုံခြုံမှု တိုးလာနေပါတယ်။

တာလီဘန်တွေဟာ လတ်တလော ထိုးစစ်အတွင်း ခရိုင်တွေနဲ့ နယ်စပ် ဖြတ်ကူးရေး စခန်းတွေကို သိမ်းပိုက်ထားပါတယ်။

ခါတိုင်းနှစ်တွေနဲ့မတူဘဲ ဒီနှစ်မှာ အိဒ် အားလပ်ရက်အတွင်း တာလီဘန်တွေက အပစ်အခတ် ရပ်စဲကြောင်း မကြေညာခဲ့ဘူး လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up