close

မြစ်ကြီးနား စစ်ရှောင်စခန်းတခုတွင် ကိုဗစ်လူနာ ၁ ဦးသေဆုံး၊ လူ ၁၀၀ ကျော်စစ်ဆေးရာ ၃၈ ဦး ပိုးတွေ့

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်း လူဦးရေ ၆၀၀ ကျော်ရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ ကိုဗစ်-၁၉ ကြောင့် လူနာ ၁ ဦး ပထမဆုံးသေဆုံးခဲ့ပြီး ၃၈ ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ စစ်ရှောင်တာ၀န်ရှိသူ‌တွေက ပြောပါတယ်။

မန်ခိန် စစ်ရှောင်စခန်းရှိ လူနာတစ်ဦး ဩဂုတ်လ ၁၁ ရက်နေ့က သေဆုံးခဲ့ပြီးနောက် စစ်ဆေးကြည့်ရာမှ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

စစ်ရှောင်တာ၀န်ခံတစ်ဦးက “မိသားစု၀င်တွေက ရိုးရိုးတုပ်ကွေးဖျားနာပြီး ဆုံး‌တယ်ဆိုပြီး ပြောတယ်၊ မသင်္ကာလို့ စစ်ကြည့်ရာက positive ဖြစ်နေတာ၊ ကျန်တဲ့မိသားစု၀င်အားလုံးမှာလည်း ပိုးတွေ့တယ်” လို့ ပြောပါတယ်။

အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ စစ်ရှောင်လူဦးရေ ၁၀၀ ကျော်လောက်ကို  ဩဂုတ် ၁၂ ရက်က ထပ်မံစစ်ဆေးကြည့်ရာမှာ ၃၈ ယောက်အထိ ပိုးတွေ့ရှိခဲ့တယ်လို့ အကူအညီပေးနေတဲ့ အဖွဲ့တွေဆီက သိရပါတယ်။ 

လက်ရှိအိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၆၀၀ ကျော်ရှိတဲ့ အဆိုပါစစ်ရှောင်စခန်းမှာ အများစုက နေမကောင်းတာကြောင့် စစ်ရှောင်မိသားစု အားလုံးကိုစစ်ဆေးဖို့ အခက်အခဲရှိနေပြီး ကျန်းမာရေးပစ္စည်း ဆေးဝါးနဲ့ အစားအသောက်တွေ အရေးပေါ် လိုအပ်‌နေတယ်လို့ ပါ၀င်ကူညီပေးနေတဲ့သူတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up