ဂျပန်နိုင်ငံ ကျူးရှူးကျွန်းတွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် ရေကြီး မြေပြို

ဂျပန်တောင်ပိုင်း၊ ကျူးရှူးကျွန်းပတ်ဝန်းကျင်ဒေသမှာ စံချိန်တင်အောင် မိုးရွာခဲ့အပြီး သြဂုတ် ၁၄ ရက်က လမ်းတွေ ခါးထိ ရေမြုပ်နေတဲ့အပြင် မြေပြိုလို့လည်း လမ်းတွေ ပိတ်နေပါတယ်။
မနေ့ မွန်းလွဲထိ ၃ ရက်ဆက်တိုက် တနေရာတည်းမှာ ရွာတဲ့ မိုးရေချိန်က ၃၇ ဒသမ ၆ လက်မ ရှိခဲ့တာပါ။
ဒေသတွင်း ပြည်သူ ၁ သန်းခွဲအတွက် အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၅ တပ်လှန့် သတိပေးချက် ထုတ်ပြန် ထားတယ်လို့ NHK သတင်းဌာနက ပြောပါတယ်။
လာမယ့်ရက်အနည်းငယ်အတွင်း မိုးထပ်ရွာဦးမယ်လို့ ဂျပန်မိုးလေဝသဌာန (JMA) က သတိပေးထားပါတယ်။
ဂျပန်ရဲ့ အကြီးဆုံးကျွန်းမကြီး ဟွန်းရှူးကျွန်းပေါ်မှာလည်း မိုးတွေ အကြီးအကျယ် ရွာနေပါတယ်။ သီတင်းတပတ်လောက် ဂျပန်တနိုင်ငံလုံး မိုးဆက်ရွာဦးမယ်လို့ (JMA)က သတိပေး ထားပါတယ်။