close

KBC က ကိုဗစ်-၁၉ လူနာများအတွက် အခြေခံဆေးဝါးများ ကူညီထောက်ပံ့

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ကိုဗစ်ရောဂါခံစားနေရတဲ့ လူနာတွေအတွက် အခြေခံဆေးဝါးတွေ ကူညီထောက်ပံ့ပေးနေတယ်လို့ ကေဘီစီ ကုသရေးသာသနာဌာန တာ၀န်ရှိသူတွေဆီက သိရပါတယ်။

အခုထောက်ပံ့တာဟာ home care အနေနဲ့ ကုသဖို့ သင့်တော်တဲ့ သာမန်အဆင့် ကိုဗစ်လူနာတွေအတွက်ရည်ရွယ်ပြီး အခြေခံဆေးဝါး၊ mask၊ hand gel အပြင် အာဟာရအစားအစာအချို့ ပါ၀င်တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်ရှိ ပြည်သူတွေအတွက် အကျုံး၀င်မှာဖြစ်ပြီး အခြားမြို့နယ်တွေအတွက်လည်း ကူညီထောက်ပံ့နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

KBC အနေနဲ့ ကုသရေး သာသနာဌာနရဲ့ ဦးဆောင်မှုအောက်မှာ ပြီးခဲ့တဲ့ဇူလိုင်လကတည်းက ကိုဗစ်ရောဂါနဲ့ပက်သက်ပြီး သိရှိလိုတာတွေကို တိုင်ပင်ဆွေးနွေးနိုင်ရန် Tele- consultation for covid 19 patients အစီအစဉ်ကို ဆရာ၀န်တွေနဲ့ ၂၄ နာရီ အခမဲ့ ၀န်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ 

အောက်ဆီဂျင်ဘူးထောက်ပံ့တဲ့ ၀န်ဆောင်မှု‌တွေကိုလည်း ကချင်ပြည်နယ်အပြင် KBC အသင်းတော်ရှိရာ ရှမ်းပြည်ဘက်မှာလည်း ပေးနေတယ်လို့ တာ၀န်ရှိဆရာတဦးဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up