လိဂ်ဖလားတွင် မန်စီးတီးနှင့်အာဆင်နယ်ပွဲချောင်ပြီး ကျန်အသင်းကြီးများ လိဂ်ပြိုင်ဘက်များနှင့် တွေ့ဆုံ

ကရာဘောင်းလိဂ်ဖလား တတိယအဆင့်ပွဲစဉ်တွေကို မဲနှိုက်ရွေးချယ်ခဲ့ရာမှာ မန်စီးတီးနဲ့အာဆင်နယ်တို့ ပွဲချောင်ခဲ့ပြီး တခြာထိပ်တန်းအသင်းတွေကတော့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
တတိယအဆင့်မှာ အသင်းစုစုပေါင်း ၃၂ သင်းပါဝင်ပြီး စုစုပေါင်း ၁၆ ပွဲ ယှဉ်ပြိုင်ကစားကြရ မှာပါ။
လက်ရှိချန်ပီယံ မန်စီးတီးက လိဂ်ဝမ်းကလပ် ဝိုင်ကွမ်ဘီ၊ အာဆင်နယ်အသင်းကလည်း လိဂ်ဝမ်း ကလပ် ဝင်ဘယ်ဒန် အသင်းတွေနဲ့ အိမ်ကွင်းတွေမှာ ယှဉ်ပြိုင်ရမှာဖြစ်လို့ ပွဲချောင်တယ်လို့ဆိုရ မှာပါ။
တခြားထိပ်တန်းအသင်းကြီးတွေထဲမှာ မန်ချက်စတာယူနိုက်တက်က ဝက်စ်ဟမ်းနဲ့ အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ချဲလ်ဆီးကလည်း အက်စ်တွန်ဗီလာနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ရမှာပါ။
လီဗာပူးက နောဝှစ်ချ်နဲ့အဝေးကွင်း၊ စပါးက ဝုဗ်အသင်းနဲ့ အဝေးကွင်းပွဲတွေ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
လက်စတာကတော့ မီဝေါနဲ့ အဝေးကွင်းမှာသွားကစားရမှာဖြစ်သလို အဲဗာတန်အသင်းကလည်း ကျူပီအာနဲ့အဝေးကွင်းမှာသွားရောက် ကစားရမှာဖြစ်ပါတယ်။
ကရာဘောင်းဖလား တတိယ အဆင့်ပွဲတွေကို လာမယ့်စက်တင်ဘာ ၂၂ ရက်နေ့ စတင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။