close

ဘရာဇီးတွင် ဂူတစ်ခု ပြိုကျသဖြင့် မီးသတ်သမား ၉ ဦး သေဆုံး

ဘရာဇီးနိုင်ငံ ဆောင်ပါလိုပြည်နယ်က ဂူတခု အောက်တိုဘာ ၃၁ ရက်က ပြိုကျခဲ့လို့ မီးသတ်သမား ၉ ဦးထက် မနည်းသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

တနင်္ဂနွေအစောပိုင်းက ဆောင်ပါလိုမြို့ကနေ ၂၂၃ မိုင်အကွာမှာ ရှိတဲ့ အယ်လ်တီနိုပိုလစ်မြို့က ဒို့စ်ဘိုးကတ်စ်လိုဏ်ဂူထဲမှာ မီးသတ်သမားတအုပ်စု သင်တန်းဆင်းနေတုန်း လိုဏ်ဂူပြိုကျခဲ့ပြီး ဆယ်ယောက် ပိတ်မိနေခဲ့ပါတယ်။

အသက်ရှင်လျင် ကယ်ထုတ်နိုင်တဲ့လူဟာ အရိုးအတော်များများ ကျိုးနေပြီး  ကိုယ်ပူချိန် အလွန်အမင်း ကျဆင်းနေလို့ ဆေးရုံတင် ကုသပေးထားရပါတယ်။

တခြား လူ ၆ ဦးကတော့ ဂူပြိုကျချိန်မှာ ပိတ်မိမနေခဲ့ဘဲ အသေးစား ဒဏ်ရာရခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးသမားတွေ စုစုပေါင်း ၇၅ ယောက်လောက် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up