မတ္တရာမြို့နယ် ဆင်ရွာ နှင့် သုံးဆယ်ပေးရွာကြား စစ်ကောင်စီယာဉ်တန်း ပစ်ခတ်ခံရ

မန္တလေးတိုင်း မတ္တရာမြို့နယ် ဆင်ရွာ နဲ့ သုံးဆယ်ပေးရွာကြားမှာ ဒီဇင်ဘာ ၅ ရက် ညနေပိုင်းက စစ်ကောင်စီယာဉ်တန်း ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီယာဉ်တန်းဟာ ကိုဗစ်ကာကွယ်ဆေးထိုး လုပ်ငန်းကို လုံခြုံရေးယူပြီး ပြန်လာတာဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မတ္တရာမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက “ထိခိုက်ဒဏ်ရာရတာ တိတိကျကျမသိရဘူး။ နှစ်ရွာကြားမှာ ဖြစ်တာဆိုတော့။ စစ်ကောင်စီဘက်က နှစ်ယောက် သေတယ်ဆိုပြီးလည်း ပြောကြားတယ်။ ဘယ်သူမှတော့ မျက်မြင်တွေ့တာမရှိဘူး။ ပစ်ခတ်မှုဖြစ်တာတော့ သေချာတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ အလုပ်က ဆိုင်ကယ်နဲ့ ပြန်လာတဲ့ လူ ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။