close

မုံရွာမြို့ရှိ အန်အယ်လ်ဒီပါတီ တိုင်းရုံးကို စစ်ကောင်စီတပ်က ဗုံးခွဲ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထင်းရူးလမ်းနဲ့ အောင်မြေလမ်းကြားမှာ ဖွင့်လှစ်ထားရှိတဲ့ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီ (တိုင်းရုံး)ကို ဒီဇင်ဘာ ၁၀ ရက်ညပိုင်းမှာ စစ်ကောင်စီတပ် ဗုံးခွဲဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

"ည ၈ နာရီခွဲမှာ စစ်ကား ၂ စီး ရောက်လာတယ်။ အရင်ဆုံး သေနတ်တွေနဲ့ ပစ်ခတ်နေတယ်။ သေနတ်နဲ့ပစ်ပြီး ဗုံး ၂ လုံးခွဲ သွားတယ်။ အသံအကျယ်ကြီး ကြားရတယ်” လို့ အနီးပတ်ဝန်းကျင်ပြည်သူတစ်ဦးက ပြောပါတယ်။ 

ဒေသခံတစ်ဦးကလည်း “ရုံးက ပျက်စီးသွားနိုင်တယ်။ ညဘက်ဆိုတော့ သွားမကြည့်ရဲဘူး။ အခုထိ စစ်တပ်က ရှိနေတယ်”လို့  ပြောပါတယ်။

စစ်ကိုင်းတိုင်း  အန်အယ်လ်ဒီတိုင်းရုံး ဗုံကွဲမှုကြောင့်  ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ အသေးစိတ်မသိရသေးပါဘူး။

အဆိုပါရုံးကို မုံရွာမြို့မှာ ၂၀၁၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးကတည်းက ရုံးပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က အန်အယ်လ်ဒီခေါင်းဆောင်တွေကို ဖမ်းဆီး ထောင်ချနေသလို  နိုင်ငံတဝန်းမြို့နယ်တွေ ကျေးရွာတွေရှိ  အန်အယ်လ်ဒီပါတီရုံးတွေကို ဗုံးခွဲတာ၊ မီးရှို့တာနဲ့ ဝင်ရောက်ဖျက်ဆီးတာ၊ ချိပ်ပိတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up