တောင်ကိုရီးယားသမ္မတနှင့် ဩစတြေးလျဝန်ကြီးချုပ်တို့ တွေ့ဆုံ

ဩစတြေးလျဝန်ကြီးချုပ် စကော့ထ်မော်ရစ်ဆင်ဟာ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်းကို မြို့တော် ကင်ဘာရာက လွှတ်တော်မှာ ဒီဇင်ဘာ ၁၃ ရက်က ကြိုဆိုတွေ့ဆုံပါတယ်။
တောင်ကိုရီးယားသမ္မတနဲ့ဇနီးကို ဩစတြေးလျဝန်ကြီးချုပ်နဲ့ဇနီးက လွှတ်တော်အပြင်မှာ ကြိုဆို အပြီး တောင်ကိုရီးယား သမ္မတဟာ ဧည့်သည်တော်မှတ်တမ်းမှာ လက်မှတ်ရေးထိုးပါတယ်။
အဲဒီနောက် နိုင်ငံ့ခေါင်းဆောင် ၂ ဦးဟာ နှစ်ဘက်ဝန်ကြီးတွေနဲ့ ဝန်ထမ်းတွေနဲ့အတူ တရားဝင် ဆွေးနွေးပွဲ ကျင်းပပါတယ်။
ကာကွယ်ရေး၊ မရှိမဖြစ် သတ္တုတွေနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းပါးစေတဲ့ နည်းပညာ အရေးတွေအပါအဝင် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။