မန်ယူအသင်းတွင် ကိုဗစ်ကူးစက်မှုရှိနေပြီး ဘရန့်ဖို့ဒ်နှင့်ပွဲအတွက် စောင့်ကြည့်ရမည်

မန်ယူနိုက်တက်အသင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုတွေရှိလာတာကြောင့် ဒီဇင်ဘာ ၁၄ ရက်နေ့ ကစားမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်အတွက် စောင့်ကြည့်မှုတွေ ဆက်လုပ်ရမယ်လို့ သိရပါတယ်။
နောဝှစ်ချ် အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ အသင်းသားအားလုံးမှာ ကိုဗစ်ပိုးမတွေ့ရခဲ့ပေမယ့် နောက်ထပ်စစ်ဆေးမှုမှာ ကိုဗစ်ပိုးတွေ့ခဲ့တဲ့ အသင်းသားတွေ ရှိလာခဲ့တယ်လို့ The Sun က ဖော်ပြပါတယ်။
ယူနိုက်တက်အသင်းဟာ ပိုးတွေ့ရှိတဲ့ အသင်းသားတွေကို လေ့ကျင့်ရေးကွင်းမရောက်ခင် အိမ် ပြန်ခိုင်းကာ သီးသန့်နေထိုင်စေခဲ့တယ်လို့ သိရပါတယ်။
ကျန်ရှိတဲ့အသင်းသားတွေကတော့ တစ်ဦးနဲ့ တစ်ဦးခပ်ခွာခွာနေပြီး အပေါ့စားလေ့ကျင့်ခန်းတွေ ဆက်လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီအခြေအနေကြောင့် ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်းပွဲစဉ်ကို ရွှေ့ဆိုင်းရမလားဆိုတာ စောင့်ကြည့်မှု တွေပြုလုပ်သွားရမှာဖြစ်ပါတယ်။
နောက်ထပ်ပရီးမီးယားလိဂ်ကလပ် စပါးအသင်းမှာတော့ ကိုဗစ်ကူး စက်မှုများပြားတာကြောင့် ရင်းနက်စ်နဲ့ ကွန်းဖရန့်လိဂ်ပွဲစဉ်ကို ၃-ဝရလဒ်နဲ့ အရူံးပေးခဲ့ရသလို ဘရိုက်တန်နဲ့ပွဲစဉ်ကို လည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။