close

မန္တလေးတွင် အရပ်ဝတ်စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရသဖြင့် ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၇ လမ်း၊ လမ်း ၇၀ နဲ့ ၇၁ လမ်းကြားရှိ ရေနီမြောင်းဈေးမှာ ဒီဇင်ဘာလ ၁၃ ရက် မနက်ပိုင်းက စျေးဝယ်နေတဲ့ အရပ်ဝတ်စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

သေနတ်နဲ့ ပစ်ခံရသူတွေဟာ မဟာနွယ်စဉ်ရပ်ကွက်ရုံးမှာ တပ်စွဲထားတဲ့ ကင်းစခန်းက တပ်သားတွေဖြစ်ပြီး တပ်ကြပ် သန့်ဇော်၊ တပ်သား ဇေယျာအောင်၊ တပ်သား ဇော်မျိုးဦးတို့ ဈေးဝယ်နေချိန် အမည်မသိအမျိုးသား ၂ ဦးက ဆိုင်ကယ်နဲ့ လာရောက် ​ပစ်ခတ်သွားတာလို့ သိရပါတယ်။

သေနတ်နဲ့ ပစ်ခံရတဲ့အတွက် တပ်ကြပ် သန့်ဇော်မှာ နားထင်နဲ့ နှာခေါင်း ကျည်ဖောက်ထွက်ဒဏ်ရာတွေ ရရှိပြီး နေရမှာတင် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် တပ်သား ဇေယျာအောင်မှာလည်း ညှပ်ရိုး ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ နားထင် ရှပ်မှန်ဒဏ်ရာတစ်ချက်ရရှိပြီး မန္တလေးဆေးရုံကြီးမှာတင်ပို့ထားရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up