close

အရာတော်မြို့နယ် ရွာနှစ်ရွာကို စစ်တပ်နှင့်ပျူစောထီး မီးရှို့၊ အိမ်ခြေ ၁၀၀ ခန့် မီးလောင် (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် သလဲဘာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အင်အား ၁၀၀ လောက်ဟာ ဒီဇင်ဘာ ၁၃ ရက် မနက်ခင်းပိုင်းက ကဲဘာရွာနဲ့ ကျောက်ကုန်းကျေးရွာတို့ကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၁၀၀ လောက် မီးလောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “သူတို့လာကတည်းက ပစ်ခတ်လာတယ်။ ရွာထဲလည်းရောက်ရော မီးရှို့တော့တာပဲ။ တွေ့တာအကုန်ရှို့တာ။ လူတွေကတော့ ရှောင်နေရတယ်။ သူတို့ရှို့ပြီး ရွာက လူငယ်လေးတွေ အရဲစွန့် မီးသတ်ဖို့တော့လုပ်ခဲ့တယ်။ ဒါပေမဲ့ အိမ်ခြေအတော်များများ မီးလောင်သွားတယ်”  လို့ ပြောပါတယ်။

ကဲဘာရွာကို မီးရှို့နေစဉ် တပြိုင်နက်တည်း စစ်ကောင်စီစစ်သားတွေက ကဲဘာရွာနဲ့ မူးမြစ်သာခြားတဲ့ တဖက်ကမ်းက ကျောက်ကုန်းရွာကိုလည်း မီးရှို့ခဲ့ကြတယ်လို့ သိရပါတယ်။

မီးရှို့ပြီးနောက် စစ်တပ်နဲ့ ပျူစောထီးတပ်ဖွဲ့ဟာ သလဲဘာကျေးရွာဘက်ကို ပြန်လည်ဆုတ်လာပြီး သလဲဘာအနီး ဆုတောင်းပြည့်မြစည်းခုံဘုရားမှာ တပ်စွဲစခန်းချထားတယ်လို ဒေသခံ‌တွေရဲ့ပြောပြချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up