close

ကပ်ဘေးကာကွယ်ရေးလုပ်ငန်း တိုးမြှင့်လုပ်ဆောင်နေဟု မြောက်ကိုရီးယား ပြော

မြောက်ကိုရီးယားမြို့တော် ပြုံယမ်းက စူပါမားကက်တခုကို အစိုးရက ပိုးသတ်ခဲ့ပြီး တင်းကြပ်တဲ့ စည်းမျဉ်းတွေအောက်မှာ အရေးပေါ် ကပ်ဘေးကာကွယ်ရေးလုပ်ငန်းတွေကို အစိုးရက တိုးမြှင့်လုပ်ဆောင်နေတယ်လို့ မြောက်ကိုရီးယားအစိုးရ မီဒီယာက ဒီဇင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။

ဖွယ်ဂွန်ဂိုရီ စားသောက်ဆိုင်မှာ ဆိုင်အကူတွေက ကာကွယ်ရေး ဝတ်စုံတွေ ဝတ်ပြီး ပိုးသတ်ဆေး ဖြန်းနေတာ၊ လက်သန့်ဆေးရည်တွေ ဝေပေးနေတာနဲ့ ဖောက်သည်တွေကို ကိုယ်ပူချိန် စစ်ဆေးနေတာတွေ ရိုက်ကူးထားတဲ့ ရုပ်သံကို မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA  ရုပ်သံမှာ ဖော်ပြထားပေမယ့် သီးခြားလွတ်လပ် စစ်ဆေး အတည်ပြုနိုင်တာတော့ မရှိဘူးလို့ ရိုက်တာသတင်းက ဆိုပါတယ်။

ဒီလအစောပိုင်းကလည်း မြောက်ကိုရီးယားအစိုးရဟာ ကပ်ဘေးတိုက်ဖျက်ရေး စည်းမျဉ်းတွေ ပါတဲ့ ပိုစတာတွေ၊ ပါးစပ်နှာခေါင်းစည်း ဝတ်ဆင်တာတွေ၊ အပူချိန်စစ်ဆေးတာတွေ အပါအဝင် အရေးပေါ် ကပ်ဘေးဟန့်တားရေး လှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့တယ်လို့ KCNA က ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ဗီဇမျိုးကွဲသစ်က နိုင်ငံအတော်များများဆီ ပျံ့နှံ့ကူးစက်နေပေမဲ့ မြောက်ကိုရီးယားကတော့ ကူးစက်ခံတယောက်ကိုမှ အတည်မပြုခဲ့ပါဘူး။

ဒါပေမယ့် နယ်စပ်တွေကို ပိတ်ထားပြီး ပြည်တွင်းခရီးသွားလာမှု ကန့်သတ်ချက်နဲ့ ဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားရေး ဆောင်ရွက်ချက်တွေကို ချမှတ်ကျင့်သုံးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up