close

အမေရိကန်တွင် တရက်တည်း ကိုရိုနာဗိုင်းရပ်စ် ၁ ဒသမ ၃၅ သန်း ကူးစက်ခံရ

အမေရိကန်ပြည်ထောင်စုမှာ ဇန်နဝါရီ ၁၀ ရက်နေ့ တရက်တည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ ဒသမ ၃၅ သန်း ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 

ကမ္ဘာပေါ်မှာ တရက်တာ ကူးစက်မှု အမြင့်ဆုံးနိုင်ငံဖြစ်နေပြီး ကူးစက်မြန် အိုမီခရွန်ဗိုင်းရပ်စ်က နေ့စဉ် ကျဆင်းမယ့်လက္ခဏာ မပြသေးပါဘူး။

အဲဒီ နောက်ဆုံးရ ကူးစက်မှုဒေတာအရ ဇန်နဝါရီ ၃ ရက်နေ့ ကူးစက်ခံရသူ ၁ ဒသမ ၀၃ သန်း စံချိန်ထက် ကျော်လွန်သွားပါတယ်။

ခြွင်းချက်အဖြစ် ပြည်နယ်အများအပြားက စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာ ကူးစက်မှုစာရင်းကို သတင်းမပို့ဘဲ၊ တနင်္လာနေ့မှပို့တာကြောင့် အရေအတွက် ပိုများနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း တနိုင်ငံလုံး ကူးစက်မှု တရက် ပျမ်းမျှ ၇၀၀,၀၀၀ ကျော် ရှိပါတယ်။

ကူးစက်မှုစံချိန် အမြင့်မားဆုံးဖြစ်နေချိန်မှာပဲ ကိုဗစ်-၁၉ ရောဂါနဲ့ ဆေးရုံရောက်ရှိ လူနာအရေအတွက်လည်း စံချိန်တင် အမြင့်မားဆုံးဖြစ်နေပါတယ်။ 

မနှစ်က ဇန်နဝါရီမှာ ဆေးရုံတက်ကုသမှုခံယူသူ တရက် ၃၁၂,၀၅၁ ဦး ရှိခဲ့ပြီး ဒီနှစ် ဇန်နဝါရီမှာ တရက် ၁၃၆,၆၀၄ ဦး ရှိပါတယ်။ သေဆုံးသူ တရက် ပျမ်းမျှ ၁၇၀၀ ဦး ရှိပါတယ်။

အိုမီခရွန်က ရောဂါပြင်းထန်မှုနည်းပါးပေမဲ့၊ ကူးစက်မှုအရေအတွက် များပြားတာကြောင့် ကျန်းမာရေးဝန်ထမ်း မလုံလောက်ပြီး ဆေးဝါးနဲ့ ကျန်းမာရေးအထောက်အကူပစ္စည်းမစုံလင်တဲ့ ဆေးရုံတွေအတွက် အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးဌာနတွေက သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up