close

ပေါင်မြို့နယ်တွင် အထက်တန်းပြဆရာမနှင့် ကျောင်းသားများအပါအဝင် ၁၀ ဦး ကိုဗစ်ပိုးတွေ့ရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျားဘိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲက အထက်တန်းပြဆရာမနဲ့ ကျောင်းသူ၊ကျောင်းသားတွေ အပါအဝင် ၁၀ ဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဒီဗွီဘီကို ပြောပါတယ်။

အထက်တန်းပြဆရာမ တစ်ဦး နေမကောင်းလို့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးကြည့်ရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။

အဲဒီနောက်မှာတော့ အထက်တန်းပြ ဆရာမနဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင်တွေ၊ ကျောင်းသူ၊ ကျောင်သားတွေနဲ့ ဆရာ၊ ဆရာမ ၆၀ နီးပါးကို ရောဂါပိုး ရှိ မရှိ စစ်ဆေးရာမှာတော့ ကျောင်းသူ၊ ကျောင်းသား ၃ ဦးနဲ့ မိသားစုဝင် ၆ ဦးမှာ ကိုဗစ်ရောဂါပိုး ထပ်မံတွေ့ရှိခဲ့တာပါ။

ရောဂါပိုး ကူးစက်ခံရတဲ့ အထက်တန်းပြဆရာမရဲ့ မိသားစုဝင်တွေထဲမှာ အသက် ၆၈ နှစ်အရွယ် မိခင်နဲ့ အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်တာပါ။

ရောဂါပိုးတွေ့ခဲ့တဲ့သူတွေဟာ အိုမီခရွန်ရောဂါ  က္ခဏာရှိတာကြောင့် မော်လမြိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ရောဂါပိုးတွေ့ရှိခဲ့တဲ့ ကျားဘိုကျေးရွာ အထက်တန်းကျောင်းခွဲကို ပိုးသတ်ဆေးဖြန်းပြီး ယာယီကျောင်းပိတ်ထားတာပါ။

အထက်တန်းပြဆရာမနဲ့ ထိတွေ့ခဲ့တဲ့သူ ၅၀ ကျော်ကိုတော့ လာမယ့် ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကိုဗစ်ရောဂါပိုး ရှိ မရှိ ထပ်မံ စစ်ဆေးသွားဖို့ စီစဉ်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာက ကျောင်းသူ၊ ကျောင်းသား ၅ ဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိထားတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up